In partnership with  logo
အိုင်ယာလန်နိုင်ငံ အခြေစိုက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Medtronic ဟာ ကမ္ဘာတဝှမ်းလုံးမှာ မတည်အရင်းအနှီး (၃၀) ဘီလျံလောက်ရှိပြီး ကုမ္မဏီ (၁၆၀) မှာ လူ (၈၅၀၀၀) ဝန်းကျင်ကို အလုပ်ခန့်ထားပါတယ်။

ကမ္ဘာပေါ်မှာ ဆေးဝါးသိပ္ပံနည်းပညာနယ်ပယ်မှာ ကုမ္မဏီတွေအများကြီးရှိပေမယ့် Medtronic ထက်ကြီးမားတဲ့ ကုမ္မဏီကတော့ မရှိသလောက်ရှားပါးပါလိမ့်မယ်။ အိုင်ယာလန်နိုင်ငံ အခြေစိုက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Medtronic ဟာ ကမ္ဘာတဝှမ်းလုံးမှာ မတည်အရင်းအနှီး (၃၀) ဘီလျံလောက်ရှိပြီး ကုမ္မဏီ (၁၆၀) မှာ လူ (၈၅၀၀၀) ဝန်းကျင်ကို အလုပ်ခန့်ထားပါတယ်။

Medtronic ရဲ့ပန်းတိုင်တစ်ခုကတော့ ပါရမီသစ်တွေနဲ့ ပစ္စည်းသစ်တွေကို ရှာဖွေပြီး တစ်ကမ္ဘာလုံးက ဈေးကွက်မှာ ချပြရောင်းချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အောင်မြင်မှုတွေရရှိအောင်လုပ်ဖို့အတွက် တာဝန်ကတော့ အိုင်ယာလန်နိုင်ငံမှာ အအောင်မြင်ဆုံးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Bronwyn Brophy ပေါ်မှာ မူတည်နေပါတယ်။

 

Medtronic ရဲ့ EMEA ကဏ္ဍမှာ နည်းပညာပိုင်းဆိုင်ရာအတွက် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က Brophy ဟာ အသည်း၊ အဆုတ်နဲ့ အစာပြွန်ကင်ဆာရောဂါအတွက် ကုထုံးအသစ်တွေ ရှာဖွေနိုင်ရေးအတွက် အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကဏ္ဍတစ်ခု တည်းမှာတင် Medtronic ကုမ္မဏီဟာ တခြားကဏ္ဍတွေထက် ပိုမိုမြင့်မားတဲ့ တိုးတက်နှုန်းတွေကို မျှော်မှန်းနိုင်ခဲ့ပြီး လာမယ့်နှစ်မှာ နည်းပညာအသစ်တွေထပ်မံ ဖွံ့ဖြိုးစေဖို့အတွက် တွန်းအားဖြစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလမှာ ရာထူးကိုလက်ခံခဲ့တဲ့ Brophy ဟာ ဆေးဘက်ဆိုင်ရာ နည်းပညာ (၃) မျိုး ဖြစ်ထွန်းလာစေရေးအတွက် အဓိကတာဝန်ရှိခဲ့ပါတယ်။ အဲဒါတွေကတော့ ဆေးတစ်လုံးအဖြစ် မျိုချလိုက်ရုံနဲ့ ဗိုက်ထဲမှာဘာတွေဖြစ်နေလဲကို ကြည့်နိုင်မယ့် အစာအိမ်ကြည့် မှန်ပြောင်းအသေးစား (PillCam)၊ အစာပြွန်ယောင်ရောဂါကို ဖယ်ရှားနိုင်တဲ့ စနစ်တစ်ခုဖြစ်တဲ့ Barrx ၊ အသည်းပေါ်က အကျိတ်အခဲတွေကို ဖယ်ရှားပေးနိုင်တဲ့ Emprint တို့ပဲဖြစ်ပါတယ်။

 

ဆေးထဲမှာ ကင်မရာထည့်ထားတယ်ဆိုတာ ခေတ်လွန်သိပ္ပံဝတ္ထုတွေထဲက အိုင်ဒီယာလို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် Brophy ကတော့ Siliconrepublic.com နဲ့ စကားပြောရာမှာ အဲဒီနည်းပညာတွေဟာ ဆေးသိပ္ပံအခန်းကဏ္ဍမှာ အိုင်ယာလန်နိုင်ငံ ဘယ်လောက်ရှေ့ရောက်နေတယ် ဆိုတာကို ဖော်ပြနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဆေးဖက်ဆိုင်ရာ ပစ္စည်းလောကမှာ နှစ် (၂၀) ကျော်အောင် အလုပ်လုပ်လာခဲ့ပြီးနောက်မှာ နည်းပညာနဲ့ပတ်သက်လာရင်တော့ Brophy ဟာ တော်တော်လေးကို အတွေ့အကြုံ ရင့်သန်နေခဲ့ပါပြီ။ ဒါပေမယ့် တိုးတက်မှုတွေက ၂၀၁၇ တစ်နှစ်တည်းမှာကို တော်တော်လေးများခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

အမျိုးသမီးစွမ်းဆောင်ရှင်များကွန်ရက်မှနေပြီး သူမကို အိုင်ယာလန်နိုင်ငံရဲ့ အထက်မြက်ဆုံး အမျိုးသမီးအဖြစ် အသိအမှတ်ပြုခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီးနောက်မှာ လုပ်ငန်းခွင်တွင်း အမျိုးသားနဲ့ အမျိုးသမီးများကြား ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်လို့ သူမရဲ့ အမြင်တွေဟာ အရေးပါလာခဲ့ပါတယ်။

နယ်ပယ်ထဲမှာ ပြဿနာလေးတွေရှိနေပေမယ့် Medtronic မှာ အလုပ်လုပ်ရတာ သူမပျော်ရွှင်ကြောင်း Brophy က ပြောကြားသွား ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီးများကြား ခေါင်းဆောင်မှုနေရာ ရယူရေးအပိုင်းမှာ ကွာဟနေတဲ့ ချောက်ကြီးကို ဖြည့်ဆည်းဖို့အတွက် Medtronic မှာ သိသာတဲ့ အားထုတ်မှုတွေ ရှိလို့ပါပဲတဲ့။ ဒါပေမယ့် အိုင်ယာလန်နိုင်ငံထဲမှာတော့ လုပ်ငန်းခွင်တွင်း အမျိုးသမီးနဲ့ အမျိုးသားများကြား ခွဲခြားဆက်ဆံရေးက ကြီးမားနေတုန်းပါပဲလို့ Brophy ကဆိုပါတယ်။

Source: SiliconRepublic


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က