In partnership with  logo
သူမရဲ့မွေးနေ့ပွဲကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။

အင်္ဂလန်က ဘုရင်မကြီး Elizabeth II (အဲလိဇဘတ် - ၂) ဟာ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က စပြီး ယူကေ၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ရဲ့ ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ သက်တော် ၉၁ နှစ် ရှိပြီဖြစ်ပြီး နန်းသက်ရှည်ဘုရင်မကြီး ဖြစ်ကာ အထူးခံစားခွင့် အခွင့်အရေးနဲ့ အာဏာတွေလည်း ရရှိထားပါတယ်။

၁။ လိုင်စင်မရှိဘဲကားမောင်းခွင့်

Queen-Elizabeth-Retires-Predictions-2017-House-Arrest.jpg 

ယူကေမှာ လိုင်စင်နံပတ် ဒါမှမဟုတ် နံပတ်ပြားမပါဘဲ ကားမောင်းနိုင်တာ ဘုရင်မကြီးတစ်ဦးတည်းပဲရှိတယ်။ ဘုရင်မကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကားမောင်းသင်ခဲ့တာပါ။ အဲ့ဒီတုန်းက သူနာပြုကားကို မောင်းနှင်တဲ့တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

၂။ ပတ်စ်ပို့မလိုဘူး

တော်ဝင်မိသားစုက လူတွေအားလုံးမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရှိကြတယ်။ ဒါပေမဲ့ အဲလိဇဘတ်ဘုရင်မကြီးကတော့ ပတ်စ်ပို့မပါဘဲ ခရီးသွားတဲ့လူပါ။

၃။ မွေးနေ့ပွဲနှစ်ခု

160610110237-queen-elizabeth-ii-1024x576.png 

သူမရဲ့မွေးနေ့ပွဲကို တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ Official မွေးနေ့က ဧပြီ ၂၁ ရက်မှာ ဖြစ်ပြီး နောက်မွေးနေ့တစ်ခုက ဇွန်လမှာ ကျင်းပပါတယ်။

၄။ ကိုယ်ပိုင်ငွေထုတ်စက်

ဘုရင်မကြီးမှာ ကိုယ်ပိုင်ငွေထုတ်စက်တစ်ခု ရှိပါတယ်။ ဘက်ကင်ဟမ်နန်းတော်ရဲ့ မြေအောက်ခန်းထဲမှာ တပ်ဆင်ထားတာပါ။

၅။ ကိုယ်ပိုင်ကဗျာဆရာ

Zara-Tindall-Queen-Elizabeth-Christmas-2016-Sandringham-baby.jpg 

လက်ရှိမှာ ဘုရင်မကြီးရဲ့ ကဗျာဆရာ စာဆိုတော်အဖြစ် Carol Ann Duffy က တာဝန်ထမ်းဆောင်နေပါတယ်။ ဂုဏ်ထူးဆောင်ရာထူးတစ်ခုလည်း ဖြစ်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က