In partnership with  logo
နှစ်စဉ်နှင့်အမျှ ကမ္ဘာကြီးမှာ အမျိုးသမီးခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လို့နေပါတယ်။

ကမ္ဘာကြီးက ပြောင်းလဲမှုတွေနဲ့ အမြဲ ရင်ဆိုင်နေရတာပါ။ ကမ္ဘာအနှံ့အပြားမှာဆိုရင်လည်း အမျိုးသမီးတွေက ပိုပိုပြီးတော့ ရှေ့တန်းရောက်လာတာကို တွေ့မြင်ရမှာဖြစ်သလို သူတို့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေက လျစ်လျူရှုလို့မရအောင်ကို ပြောင်မြောက်နေတာမျိုးတွေကို မြင်တွေ့ရမှာပါ။ သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက်မှာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေ အမြဲတမ်းပေါ်ထွက်လာနေတာပါ။  နှစ်စဉ်နဲ့အမျှ အမျိုးသမီးစွမ်းဆောင်ရှင်တွေ  ပေါ်ထွက်လာနေတာဖြစ်ပြီးတော့ ကမ္ဘာ့သြဇာအကြီးဆုံး စာရင်းဝင် အမျိုးသမီးတွေကလည်း ပိုပိုပြီးတော့ကို တိုးပွားလာနေပါတယ်။ အမျိုးသမီးတွေကို နေရာပေးလာမှု၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိဖို့ လှုံ့ဆောင်မှုတွေနဲ့ အတူ ကမ္ဘာကြီးမှာ အမျိုးသမီးခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Ana Patricia Botin - Banco Santandar ရဲ့ ဥက္ကဋ္ဌ

 

ဘဏ္ဍာရေးနယ်ပယ်ထဲမှာဆိုရင်တော့ Adena Friedman က ဒီနှစ်တွေထဲမှာ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခဲ့တာကို မြင်တွေ့ရမှာပါ။ NASDAQ လုပ်ငန်းစုရဲ့ CEO ဖြစ်သူ Adena Friedman ဟာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးပေါ်လစီတွေကို ရဲရဲရင့်ရင့် ပြောင်းလဲပစ်ခဲ့ပြီးတော့ Stock exchange ဈေးကွက်ထဲမှာ NASDAQ ကို အောင်မြင်အောင် ဖန်တီးပြနိုင်ခဲ့ပါတယ်။ " နည်းပညာပိုင်းအရ ဆန်းသစ်တီထွင်နိုင်ခဲ့မှုက NASDAQ အတွက် ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတွေကို ဖြစ်လာစေခဲ့တယ်" လို့ Adena Freidman က ပြောခဲ့ပါသေးတယ်။ " အခုဆိုရင် ကျွန်မတို့ရော၊ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေရော အကျိုးကျေးဇူး ခံစားနေရတယ်" လို့ သူမက ထပ်ပြောပါသေးတယ်။ NASDAQ ရဲ့ ကျရိပ်ပြနေမှုကို သူမရဲ့ စိတ်ကူးစိတ်သန်းနဲ့ စွန့်စားမှုတွေက ဆွဲတင်ပေးနိုင်ခဲ့ပြီးတော့ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စတော့အိတ်ချိန်းဈေးကွက်အဖြစ် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ သူမက နည်းပညာပိုင်းကို အားပြုပြီးတော့ ဘဏ္ဍာရေးနယ်ပယ်ရဲ့ အမျိုးသမီးတွေထဲမှာ ထိပ်ဆုံးအဆင့်ရောက်အောင် အားထုတ်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ အားထုတ်ကြိုးပမ်းမှုတွေက ဒီနှစ်ရဲ့ ဘဏ္ဍာရေးနယ်ပယ်မှာ အဆင့် (၂) ရောက်တဲ့အထိကို ထင်ပေါ်ခဲ့ပါတယ်။

Abigail Johnson - Fidelity Investments ရဲ့ CEO

 

Abigail Johnson ကတော့ Fidelity Investments ရဲ့ CEO ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပြီးတော့ ဝင်ငွေလည်ပတ်မှုဟာ တစ်နှစ်ကို ၃.၅ ဘီလျံအထိရှိပါတယ်။ Digital Currency, Digital assets အစရှိတာတွေကို လုပ်ကိုင်ဖို့ စိတ်အားထက်သန်သူဖြစ်ပြီးတော့ သူ့လက်ထက်မှာဆိုရင် Fidelity Investments ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ဝင်ငွေဟာ တရှိန်ထိုးတိုးတက်မှုတွေ ရှိလာပါတယ်။

Ho Ching - Temasek ရဲ့ CEO

 

ကုမ္ပဏီတစ်ခု၊ လုပ်ငန်းစုတစ်ခုရဲ့ ဘဏ္ဍာရေးလည်ပတ်မှုကို ထိန်းကျောင်းပေးနိုင်ဖို့က တော်တော်လေးခက်ခဲလွန်းပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင်တော့ စိန်ခေါ်မှုတွေက ပြည့်နှက်နေတာပါပဲ။ အထင်သေးမှုတွေ၊ လေးစားမှုမရှိခြင်းတွေ၊နေရာမပေးလိုမှုတွေ အစရှိတာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပြီးတော့ ဒီလိုအခြေအနေတွေထဲကမှ ထင်ပေါ်လာအောင် စွမ်းဆောင်နိုင်ဖို့ဆိုတာက လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဘဏ္ဍာရေးနယ်ပယ်ထဲမှာ သြဇာတိက္ကမကြီးမားဖို့ဆိုရင်တော့ ပိုလို့တောင်မှ ခက်ခဲဦးမှာပါပဲ။ နည်းပညာစိန်ခေါ်မှုတွေ၊ ဈေးကွက်သဘောတရားတွေကြားထဲမှာ ကျင်လည်နေရပြီးတော့ ထိပ်တန်းအဆင့်ရောက်လာဖို့ အားထုတ်ရတာတွေက အထင်ကြီးလေးစားစရာပါပဲ။ အထူးသဖြင့် ဘဏ္ဍာရေးနယ်ပယ်ထဲမှာဆိုရင်တော့ ရှေးရိုစွဲအစဉ်အလာတွေကို တိုက်ထုတ်ပြီးတော့ နည်းပညာအားပြုတဲ့ အနေအထားကို ပုံဖော်ပေးနိုင်ခဲ့တာကတော့ ထူးခြားမှုတစ်ခုပါပဲ။

၂၀၁၇ ခုနှစ်အတွက် ဘဏ္ဍာရေးနယ်ပယ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီးတွေကတော့

၁။ Abigail Johnson - Fidelity Investments ရဲ့ CEO

၂။ Ana Patricia Botin - Banco Santandar ရဲ့ ဥက္ကဋ္ဌ

၃။ Adena Friedman - NASDAQ ရဲ့ CEO

၄။ Ho Ching - Temasek ရဲ့ CEO

၅။ Chanda Kochhar -  ICICI Bank ရဲ့ CEO

၆။ Mary Challahan Erdoes - JPMorgan Chase ရဲ့ CEO

၇။  Lubna Olayan - Olayan Financing ရဲ့ CEO

၈။ Marianne Lake - JPMorgan Chase ရဲ့ CFO (Chief Financial Officer)

၉။ Kathryn Petralia - Kabbage ရဲ့ ပူးတွဲတည်ထောင်သူ

၁၀။ Anne Finucane - Bank of America ရဲ့ ဒု-ဥက္ကဋ္ဌ

Source : Forbes


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က