In partnership with  logo
ကမ္ဘာပေါ်မှာအမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။

Second Sex (weaker sex) လို့ လူသိများတဲ့ အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ကို မှှီခိုလွန်းကြပါတယ်။ တစ်ခုခုကို မိဘကို ခွင့်တောင်းရတယ်။ ယောကျ်ားလေးတွေလို အိမ်နေရင်း အဝတ်အစားနဲ့ အဝေးကြီးမသွားရဲဘူး။ လူရှုပ်တဲ့နေရာတွေဆို အဖော်အပေါင်းပါမှ သွားဖို့ အဆင်ပြေတယ် စသဖြင့်ပေါ့။

ဒါပေမယ့် မိန်းကလေးတိုင်းကတော့ ပတ်ဝန်းကျင်ကလူတွေကို လိုက်မှီခိုနေတတ်တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာအမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ အဲဒီလို အမှီအခိုကင်းတဲ့ အမျိုးသမီးတွေရဲ့ ဝိသေသ လက္ခဏာတွေကတော့...

၁။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ကြတယ်

7.jpg 

အမှီအခိုကင်းတဲ့ မိန်းမသားတွေဟာ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ဖို့ မကြောက်ရွံ့တတ်ကြပါဘူး။ သူတို့ရဲ့ဘဝနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအတွက် သူတစ်ပါးကို မမှီခိုတတ်ကြပါဘူး။ ကိုယ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အတွက် ဆိုးကျိုး၊ ကောင်းကျိုး တွေကိုလည်း ကောင်းကောင်းနားလည်ထားပြီး အကျိုးဆက်တွေကို တာဝန်ယူရဲကြပါတယ်။ သူတို့က တစ်ခုခုကို လုပ်ဖို့အတွက် တစ်ယောက်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မစောင့်တတ်ကြပါဘူး။ Second Sex ဆိုတဲ့ အယူအဆကိုလည်း ငြင်းပယ်ပြီး ထိရောက်မှုရှိရှိ ဆုံးဖြတ်လုပ်ကိုင်ရဲကြသူတွေ ဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်

10.jpg 

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်းနဲ့ ယုံကြည်မှုလွန်ကဲခြင်းက မတူညီပါဘူး။ ယုံကြည်မှုလွန်ကဲခြင်းက သူများအမြင်မှာ အမြင်ကပ်စရာကောင်းလောက်အောင် အတ္တ၊ မာနကြီးပြနေခြင်းနဲ့ ထပ်တူကျနေတတ်ပြီး လူအများက ယုံကြည်မှုလွန်ကဲသူတွေကို မနှစ်သက်တတ်ကြပါဘူး။ အမှီအခိုကင်းတဲ့ မိန်းမသားတွေကတော့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိတဲ့အတွက် စိတ်ထဲမှာ မလုံမခြုံဖြစ်ပြီး မာနကြီးပြတာတွေလည်း မရှိပါဘူး။ ဒါပေမယ့် ကိုယ်ယုံကြည်ရာနဲ့ ပတ်သက်လာရင်တော့ မဆုတ်မနစ် ရပ်တည်နိုင်စွမ်း ရှိကြပါတယ်။

၃။ ကိုယ်တိုင်ချမှတ်ထားတဲ့ ပန်းတိုင်အပေါ် စိတ်အားထက်သန်ကြပါတယ်

18.jpg 

သူတို့ဟာ အလုပ်နဲ့ဘဝနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ချမှတ်ထားတဲ့ ပန်းတိုင်တွေအပေါ် စိတ်အားထက်သန်မှု ပြင်းပြကြပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဘဝမှာ ကြိုးစားအားထုတ်မှုတစ်ခုကို ပြုလုပ်ဖို့ တစ်ယောက်ယောက်က တွန်းအားပေးစရာမလိုအပ်ပါဘူး။ သူတို့ရဲ့ လော့ဂျစ်ကလည်း ရိုးရှင်းပါတယ်။ "တစ်ခုခုကိုလိုချင်တယ်ဆိုရင် အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး ရအောင်လုပ်ပါ" တဲ့။

၄။ စွန့်စားရဲတယ်

21.jpg 

ပြင်ပလောကကြီးက ရှုပ်ထွေးပါတယ်။ စီးပွားရေးနယ်ပယ်ထဲမှာ တစ်ခါတလေကျရင် ရှေ့ကိုကြိုတင် မှန်းဆလို့မရဘဲ စွန့်စွန့်စားစား ဝင်တိုးရတဲ့အပိုင်းတွေရှိပါတယ်။ အမှီအခိုကင်းတဲ့ မိန်းမသားတွေကတော့ ကြိုတင်တွက်ချက်ပြီး ဆုံးရှုံးနိုင်ခြေအနည်းဆုံးနဲ့ စွန့်စားရဲကြပါတယ်။ သေချာစွာ တွက်ချက်စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချထားတဲ့အတွက် သူတို့ယူလိုက်တဲ့ risk ဟာ ကျန်အဖွဲ့သားတွေအတွက်လည်း ယုံကြည်စိတ်ချရစေပါတယ်။ ဘာပဲပြောပြော စွန့်စားမှုလေးမှမရှိရင် ဘဝက ပျင်းစရာကြီးနေမှာ။

၅။ ညည်းညူခြင်းနဲ့ အချိန်မဖြုန်းဘူး

33.jpg 

အမှီအခိုကင်းတဲ့ မိန်းမသားတစ်ယောက်ကို အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး ညည်းညူနေတာကို တွေ့ြ့မင်ရမှာမဟုတ်ပါဘူး။ အရမ်းခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ် ဆိုရင်တောင်မှပေါ့။ သူတို့ဟာ ညည်းညူနေရုံနဲ့ ပြဿနာတွေကို ဖြေရှင်းရာမရောက်ဘူးဆိုတာကို နားလည်ကြပါတယ်။

ညည်းညူနေမယ့်အစား သူတို့က ပြဿနာတွေကို အမှန်ကန်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုပဲ ရှာဖွေကြပါတယ်။ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး လူဆိုတာ မရှိဘူးလို့ ယုံကြည်ထားတဲ့အတွက် နာကျင်မှုတွေကို ခါးစည်းခံပြီး ကိုယ်သွားချင်တဲ့နေရာကို ရောက်အောင်သွားကြပါတယ်။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က