In partnership with  logo
အရှုံးတွေက ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာစေတယ်။

အောင်မြင်နေသူတွေကို လေ့လာကြည့်လိုက်ရတာ သိပ်လွယ်ပါတယ်။ သူတို့အောင်မြင်လာတာ အရမ်းရိုးရှင်းတယ် ဒါမှမဟုတ် ကံကောင်းတယ်ပေါ့လေ။ ဒါပေမဲ့ အောင်မြင်မှုတိုင်းရဲ့နောက်မှာ ရှုံးနိမ့်မှုတွေ အများကြီးပါပဲ။ အလုပ်မှာ၊ စီးပွားရေးမှာရော အချစ်ရေးမှာပါ ရှုံးနိမ့်ဖူးကြတယ်။ ပြီးတော့မှ အောင်မြင်လာကြတာ။

 

၂၀၀၈ ခုနှစ်တုန်းက ဟားဗတ်တက္ကသိုလ်မှာ စာရေးဆရာမ ဂျေ ကေ ရိုးလင်း ပြောသွားဖူးတယ်။ " ရှုံးနိမ့်မှုဟာ ကျွန်မနဲ့ပတ်သက်တဲ့အရာတွေကို သင်ပေးခဲ့တယ်။ အဲ့ဒါကို ကျွန်မ တခြားနဲ့နည်း မသင်ယူနိုင်ခဲ့ဘူး။ ကျွန်မမှာ ကြံ့ခိုင်တဲ့စိတ်ဆန္ဒရှိတယ်ဆိုတာ သိခဲ့ရတယ်၊ ပြီးတော့ ကျွန်မထင်ထားတာထက်ပိုပြီး စည်းကမ်းကျတယ်" လို့ ရိုးလင်းက ပြောပါတယ်။ သူ့လိုမျိုး ကမ္ဘာကျော် ရောင်းအားကောင်း စာရေးဆရာကတောင် ရှုံးနိမ့်မှုတွေ အကြီးအကျယ်ကျော်ဖြတ်ခဲ့ရတာပါ။ အောင်မြင်သူဖြစ်ဖို့ ရှုံးနိမ့်ခြင်းကို ကြုံတွေ့ရတာက ဖြစ်သင့်တယ်လေ။

 

အရှုံးတွေနဲ့ ကြုံရတဲ့အခါ မရပ်တန့်လိုက်ပါနဲ့။ ထပ်ကြိုးစားပါ။ ကြောက်စိတ်တွေ ပျောက်သွားလိမ့်မယ်။ ကြောက်စိတ်တွေ မရှိတော့ဘူးဆိုရင် ရှုံးနိမ့်မှုတွေလည်း နည်းပါးသွားပြီ။

နောက်ထပ်တစ်ခုကတော့ အတိတ်ကို ဖက်တွယ်မနေဖို့ရာ နားလည်တတ်လာတာပါပဲ။ ပြီးသွားတာတွေကို ပြန်မစဉ်းစားတော့ဘဲ ရှေ့ဆက်လျှောက်တယ် ကြိုးစားတတ်လာတယ်လေ။ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကို နားလည်သွားရင် ဘာကိုမှ အလွန်အကျွံ ဖက်တွယ်မထားတော့ဘူး။

 

ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတယ်။ အရင်တုန်းက သူများကို မှီခိုတယ်၊ သူများအတွက်ပဲ စဉ်းစားတယ်။ နောက်တော့ ကိုယ့်အတွက်ကိုယ် ကြည့်တတ်လာတဲ့အခါ စိတ်သောကတွေ နည်းသွားရော။ အနာဂတ်မှာ အရှုံးတွေ တွေ့ဦးမလားလို့လည်း ကြောက်ရွံ့နေတော့မှာ မဟုတ်ပါဘူး။

Share

Loading Next Article...
က္က