In partnership with  logo
ဘဝဆိုတာ ကိုယ့်ရဲ့ကြောက်လန့်မှုတွေကို ကျော်လွန်ပြီး အခြားသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါပဲ....

လပိုင်းအတွင်းမှာပဲ ဗြိတိန် တော်ဝင်မင်းသားလေး ဟယ်ရီရဲ့ ကြင်ယာတော်ဖြစ်လာမယ့် မီဂန်မာကယ်ဟာ သူမရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ အခိုက်အတန့်တစ်ခုအကြောင်းကို ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ မီဂန်ဟာ ကုလသမဂ္ဂမှာ အမျိုးသမီးတွေအရေးနဲ့ အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့် ရရှိရေးအတွက်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ The Game Changers: Success Secrets from Inspirational Women Changing The Game and Influencing The World စာအုပ်ထဲမှာ သူရဲ့ အင်တာဗျူးကို ထည့်သွင်းဖော်ပြထားခဲ့တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ခြင်းဟာ သူမဘဝကို ဘယ်လိုပြောင်းလဲစေသလဲဆိုတာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

" ကျွန်မအသက် ၁၃ နှစ်မှာ လော့စ်အန်ဂျလိစ်မြို့ Skid Row မှာ မီးဖိုချောင်ထဲ စွပ်ပြုတ်တစ်ခွက်ချက်တာနဲ့ စလုပ်ခဲ့တယ်။ ပထမဆုံးနေ့မှာတော့ ကျွန်မ တကယ်ကိုပဲ ကြောက်လန့်နေခဲ့တယ်" မီဂန်က ပြောထားတယ်။ Daily Mail မှာ ဖော်ပြခဲ့တဲ့သတင်းတစ်ရပ်မှာလည်း " ကျွန်မငယ်ရွယ်စဉ်အချိန်တုန်းက ခက်ခဲကြမ်းတမ်းခဲ့တယ်၊ ပြီးတော့ ကျွန်မက တကယ်ကိုကြီးမားတဲ့ စေတနာ့လုပ်အားရှင်အဖွဲ့ကြီးနဲ့ ရှိနေခဲ့တယ်။ ကျွန်မရဲ့ လမ်းညွှန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ မစ္စ မာရီယာ ပိုလီယာ ပြောခဲ့တာကို မှတ်မိတယ်။ ဘဝဆိုတာ ကိုယ့်ရဲ့ကြောက်လန့်မှုတွေကို ကျော်လွန်ပြီး အခြားသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါပဲတဲ့" လို့ မီဂန်က ပြောခဲ့တယ်။

 

" တစ်စုံတစ်ယောက်က ကျွန်မတို့ကိုလိုအပ်နေတယ်ဆိုတာ အမှတ်ရနေဖို့က ကျွန်မတို့အတွက် တကယ်အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့ ပေးကမ်းမှု၊ ကူညီမှု၊ ပြုလုပ်မှု စတဲ့ ကိုယ့်ရဲ့ဆောင်ရွက်မှုဟာ ကိုယ့်ခေါင်းထဲကနေ ထွက်ပေါ်လာတာနဲ့အမျှ ကရုဏာရှိတဲ့ ဆောင်ရွက်မှုပါပဲ" လို့ မီဂန်က ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

 

မီဂန်မာကယ်ဟာ သွေးနှောတဲ့ အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဗြိတိန်တော်ဝင်မိသားစုဝင်ဖြစ်လာတော့မှာပါ။ ဘုရင်မကြီးရဲ့ မြေးတော် မင်းသားဟယ်ရီနဲ့ ချစ်သူတွေဖြစ်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာ စေ့စပ်ထားပါတယ်။ မေလမှာတော့ လက်ထပ်ပွဲကို ဆင်နွှဲတော့မှာဖြစ်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က