In partnership with  logo
ဆယ်စုနှစ်များစွာ ကြိုးစားပြီးနောက် အသက်ဝင်လာခဲ့ပါတယ်။

အိုက်စ်လန်နိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လုပ်ခလစာ ရရှိဖို့ အိုက်စ်လန်အစိုးရက တရားဝင်သတ်မှတ်လိုက်ပါတယ်။ အကယ်၍ အမျိုးသမီးတွေဟာ အမျိုးသားတွေအောက် လုပ်ခလစာလေလျာ့နည်းပြီး ပေးခံရတယ်ဆိုရင် ဥပဒေနဲ့ဆန့်ကျင်ရာရောက်ပါတယ်။ ဒီဥပဒေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ကို အိုက်စ်လန်မှာဆင်နွှဲနေကြစဉ်

 

ဝန်ထမ်း ၂၅ ယောက်အထက် ရှိတဲ့ မည်သည့်အဖွဲ့အစည်း လုပ်ငန်းမဆို ကျား၊မ တန်းတူ လုပ်ခလစာပေးအပ်ကြောင်း အစိုးရအသိအမှတ်ပြုထားတဲ့ ထောက်ခံချက်ကို ရရှိအောင်ပြုလုပ်ထားကြရမှာဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ် မရှိဘူးဆိုရင်တော့ ဒဏ်တပ်ခံရမယ်လို့ သိရပါတယ်။

 

အိုက်စ်လန်နိုင်ငံရဲ့ ကျား၊မ တန်းတူ လုပ်ခလစာပေးအပ်ရေး ဥပဒေသစ်ကို ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့က ကြေညာခဲ့တာပါ။ အဲ့ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့လည်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကျား၊မ လုပ်ခလစာကွာဟမှု လုံးဝပပျောက်ရေးအတွက် စတင်လှုပ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။

 

" တရားဥပဒေသတ်မှတ်ခြင်းဟာ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအတွက် အခြေခံကျတဲ့ ယန္တရားတစ်ခုပါ။ အလုပ်အားလုံးပြီးမြောက်ဖို့ တန်ဖိုးဖြတ်ပေးတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တူညီတဲ့လုပ်ခလစာရရှိဖို့ သေချာသွားစေတဲ့ ယန္တရားတစ်ခုလည်း ဖြစ်ပါတယ်" လို့ အိုက်စ်လန်နိုင်ငံရဲသမီးအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းမှ Dagny Osk Aradottir Pind က ပြောပါတယ်။ ဒီလိုဥပဒေဖြစ်လာအောင် ဆယ်စုနှစ်များစွာ တောင်းဆိုခဲ့ရတယ်လို့လည်း သိရပါတယ်။

Source : Business Insider

Share

Loading Next Article...
က္က