In partnership with  logo
မင်းရဲ့ပန်းတိုင်က ဘာပဲဖြစ်ဖြစ် မင်းသာ လုပ်ဆောင်ချင်စိတ်ရှိနေမယ်ဆို အဲ့ဒီနေရာကို ရောက်ကိုရောက်မှာပဲ။

အိုပရာဝင်းဖရေး (Oprah Winfrey) ဟာ ကမ္ဘာသိ မီဒီယာခေါင်းဆောင်၊ ပရဟိတသမား၊ ထုတ်လုပ်သူ၊ သရုပ်ဆောင် အလုပ်တွေနဲ့ နာမည်ကျော်ကြားသူပါ။ အမျိုးသမီးတွေကို ကြံ့ခိုင်သန်မာလာအောင်လည်း ခွန်အားပေးခဲ့သလို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကြားမှာ role model အဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ အိုပရာဝင်းဖရေး ပြောခဲ့တဲ့ စကားတွေထဲက စိတ်ဓာတ်ခွန်အား ရစေမယ့် စကားတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ အကြီးမားဆုံးလျှို့ဝှက်ချက် မရှိဘူးဆိုတာကပဲ ဘဝရဲ့ အကြီးဆုံးလျှို့ဝှက်ချက်ပါ။ မင်းရဲ့ပန်းတိုင်က ဘာပဲဖြစ်ဖြစ် မင်းသာ လုပ်ဆောင်ချင်စိတ်ရှိနေမယ်ဆို အဲ့ဒီနေရာကို ရောက်ကိုရောက်မှာပဲ။

၂။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်ဆိုတာ ကမ္ဘာကြီးကို ကိုယ်ပိုင်သတ်မှတ်ချက်နဲ့ သတ်မှတ်နိုင်တာကနေ ဖြစ်လာတယ်။ ပြီးတော့ တခြားလူတွေရဲ့ ဝေဖန်အကဲဖြတ်မှုတွေကိုလည်း ငြင်းပယ်နိုင်လာတယ်။

 

၃။ မင်းက အားလုံးကို ရနိုင်ပါတယ်။ တစ်ခါတည်းနဲ့ အကုန်မရနိုင်တာလေးပါပဲ။

၄။ အသားအရောင်ခွဲခြားမှု ဒါမှမဟုတ် ကျား၊မ ခွဲခြားဆက်ဆံခံရမှုအတွက် အထူးချွန်ဆုံးဆိုတာ အကောင်းဆုံး အဟန့်အတားပါပဲ။

၅။ ဘုရင်မတစ်ပါးလို တွေးတောပါ။ ဘုရင်မတစ်ယောက်ဟာ ဘယ်တော့မှ ရှုံးနိမ့်မှာမကြောက်ဘူး။ ရှုံးနိမ့်မှုဆိုတာ ကြီးကျယ်မြင့်မြတ်မှုအတွက် ကျော်ဖြတ်ရမယ့် ကျောက်တုံးတစ်ခုပဲ။

 

၆။ ကိုယ်လုပ်တဲ့လုပ်ရပ်ကို ကိုယ်တိုင်တန်ဖိုးနှိမ့်ချထားရင် သင်ဘယ်သူလဲဆိုတာကိုလည်း ကမ္ဘာကြီးက တန်ဖိုးနှိမ့်ချပစ်လိုက်မှာပဲ။

၇။ ဘဝရဲ့အခက်ခဲဆုံးအရာတွေထဲက တစ်ခုဆိုတာ ဘယ်တံတားတွေကို ကျော်ဖြတ်ရမယ်ဆိုတာနဲ့ ဘယ်တံတားတွေကို မီးရှို့ပစ်ရမယ်ဆိုတာကို လေ့လာရတာပါပဲ။

Source : Telegraph


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က