In partnership with  logo
အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုမိုလှုပ်ရှားပေးကြဖွယ် ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး အရေအတွက်ဟာ အခုဆိုရင် ၂၂ ဦးထိ ရှိလာခဲ့ပြီလို့ သိရတယ်။ ဒါဟာ စံချိန်တင်လာတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

 

လက်ရှိ လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေဟာ ဒီမိုကရတ်တစ်ပါတီဝင် အမျိုးသမီး ၁၇ ဦးနဲ့ ရီဘတ်ပါတီဝင် အမျိုးသမီး ၅ ဦး ရှိပါတယ်။ လွှတ်တော်တစ်ရပ်မှာ အမျိုးသမီးဦးရေ ဒီလောက်ထိများတာက အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အများဆုံးပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အမျိုးသမီးဦးရေဟာ ၂၀ ကနေ ၂၁ ထိ မြင့်တက်ခဲ့ပြီး ယခုနှစ်ဇန်နဝါရီမှာတော့ လွှတ်တော်က အမျိုးသမီးဦးရေဟာ သိသိသာသာ တိုးလာခဲ့ပြန်ပါတယ်။

 

CNN ရဲ့ ခွဲခြားစိတ်ဖြာလေ့လာမှုအရ ဆိုရင်တော့ အမေရိကန်လွှတ်တော်မှာ ၁၉၁၇ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်ထိ အမျိုးသမီးဦးရေဟာ သိသိသာသာ အပြောင်းအလဲမဖြစ်ခဲ့တာကို တွေ့ရတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း လွှတ်တော်မှာ တာဝန်ထမ်းဆောင်တဲ့ အမျိုးသမီးဦးရေဟာ တိုးသတက်တိုးလာခဲ့ပြီး ခုချိန်မှာတော့ စံချိန်တင်များပြားလာခဲ့ပါတယ်။ ကယ်လီဖိုးနီးယား၊ နယူး ဟမ့်ပ်ရှိုင်းယား၊ ဝါရှင်တန်နဲ့ မင်နီဆိုးတား ပြည်နယ်တွေရဲ့ လွှတ်တော်မှာ အမျိုးသမီးတွေဟာ ရာထူးကြီးတွေကို ရထားကြပါတယ်။

Source : CNN

Share

Loading Next Article...
က္က