In partnership with  logo
ဟိတ်ကြီးဟန်ကြီးမနိုင်ဘူး.... ရှေးရိုးလည်းမဆန်ဘူး။

အလုပ်များတဲ့ မိန်းကလေးတွေအတွက်တော့ ဆံပင်တွေကို နောက်မှာစုချည်ပြီး ထုံးထားလိုက်တာ အလွယ်ဆုံးပါပဲ။ ဒီလိုအလုပ်မျိုးကို မီဂန်မာကယ်လည်း လုပ်လေ့ရှိတယ်။ ဆံပင်တွေကို နောက်မှာ ကပိုကယိုလေး ထုံးဖွဲ့ထားပြီး တော်ဝင်မိသားစုဝင်တွေနဲ့ အတူ ပြည်သူတွေရှေ့ထွက်ခဲ့ပါတယ်။ အဲ့ဒီ ကယိုကပိုဟန်လေးကိုပဲ လူတွေက ချီးကျူးနေကြပြန်တယ်။

 

ဇန်နဝါရီ ၉ ရက်နေ့က လန်ဒန်မြို့ထဲမှာ ခင်ပွန်းလောင်း မင်းသားဟယ်ရီနဲ့အတူ မီဂန်က ပြည်သူတွေရှေ့မှောက် ထွက်ခဲ့စဉ်က ဆံပင်တွေကို ကယိုကယိုလေးပဲ ထုံးထားခဲ့တယ်။ မျက်နှာမှာလည်း မိတ်ကပ်ကို မပါသလောက်နီးပါး သဘာဝကျကျလေး လိမ်းထားခဲ့တာ တွေ့ရပါတယ်။ လန်ဒန်ရဲ့အေးမြတဲ့ ရာသီဥတုကို အံတုဖို့ ကုတ်အကျႌတစ်ထည်နဲ့ လည်စည်းပုဝါလေးကိုလည်း ပတ်ထားခဲ့တယ်။ လန်ဒန်မြို့က ရေဒီယိုအသံလွှင့်ရုံကို ဟယ်ရီနဲ့အတူ သွားခဲ့တာပါ။

 

မီဂန်ရဲ့ ဓာတ်ပုံဟာ အင်တာနက်နဲ့ လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့သွားပြီးနောက် ဟိတ်ကြီးဟန်ကြီးမနိုင်တဲ့ မင်းသမီးကို လူတွေက ချီးမွမ်းနေကြပါတယ်။ အမေရိကန်မင်းသမီးတစ်ဦးလည်းဖြစ်ပြီး မကြာခင်မှာ ဗြိတိန် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်လာမယ့် မီဂန်မာကယ်ဟာ ပြည်သူတွေကို တရင်းတနှီး ဆက်ဆံလေ့ရှိပြီး အမျိုးသမီးတွေကို ကူညီပေးတဲ့လုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လေ့ရှိသူဖြစ်တာကြောင့်လည်း သူမကို ထောက်ခံသူတွေ များပြားပါတယ်။

 

" မီဂန်မာကယ်ဟာ တော်ဝင်ပွဲလမ်းတွေကို ဆံပင်လေးကပိုကယိုထုံးပြီး တက်ရောက်တာကို ကျွန်မတော့ သဘောကျတယ်။ အဲ့တာ ဆံပင်လေးပဲဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ အဲ့တာက ပိုရင်းနှီးပြီး ရှေးဆန်တာနည်းသွားစေတယ်လို့ ခံစားရစေတယ်" လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးထားတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကလည်း မီဂန်ရဲ့ဆံပင်လေးကို အားကျနေတယ်။ နောက်တစ်ခါ သူမရဲ့ဆံပင်ကို အမေက ပြောလာခဲ့ရင် မီဂန်ကိုပဲ ပြလိုက်မှာလို့ ရေးထားတာ တွေ့ရပါတယ်။

Source : Fox

Share

Loading Next Article...
က္က