In partnership with  logo
စိန်တွေထည့်သွင်းထားတဲ့ ကိတ်မုန့်လည်း အပါအဝင်ပဲ။

ဗြိတိန်က ကလေး ၃ ယောက်မိခင် အသက် ၃၆ နှစ်အရွယ် Debbie Wingham ဟာ ကမ္ဘာ့ဈေးအကြီးဆုံးကိတ်မုန့်တွေကို ဖန်တီးပြုလုပ်နေသူပါ။ ဒက်ဘီရဲ့ လက်ရာတွေထဲမှာ စိန်တွေဖြူးထားတဲ့ ကိတ်မုန့်လည်း အပါအဝင်ပဲ။ အဲ့ဒီကိတ်မုန့်ရဲ့ တန်ဖိုးက ပေါင်စတာလင် ၄၈.၅ သန်း တန်တယ်။

 

အဆိုတော် Drake အတွက်လည်း အထူးကိတ်မုန့် လုပ်ပေးခဲ့ရသေးတယ်။ ချောကလက်နက်နဲ့ Rolex နာရီပုံပါတဲ့ ကိတ်မုန့် လုပ်ပေးရတာ။ ဆယ်ကျော်သက်တို့ရဲ့ အသည်းကျော် ဂျက်စတင်ဘီဘာပုံ ကိတ်မုန့်လည်း လုပ်ပေးခဲ့ဖူးတယ်။ လူကုံထံအသိုင်းဝိုင်းက ကလေးတွေအတွက် မွေးနေ့ကိတ်တွေ လုပ်ပေးရတာ များတယ်လို့ ဒက်ဘီက ပြောတယ်။

 

ဒီလိုမျိုး ဈေးကြီးတဲ့ ကိတ်မုန့်တွေကို ဖန်တီးပေးနေတဲ့ ဒက်ဘီဟာ ငယ်စဉ်ကတော့ အတော်လေး ဆင်းရဲခဲ့ပါတယ်။ ဒက်ဘီရဲ့အဖေဟာ ယော့ခ်ရှိုင်းယားက ကျောက်မီးသွေးတွင်း လုပ်သားတစ်ဦးပါ။ ခုချိန်မှာတော့ ဒီဇိုင်းဆန်းပြီး တန်ဖိုးကြီးတဲ့ ကိတ်တွေကို အထူးပြုလုပ်ပေးနေရသူ ဖြစ်လာခဲ့တယ်။

 

ဒက်ဘီရဲ့ ကိတ်မုန့်တွေက သူများနဲ့မတူဘဲ အမြဲတမ်း ထူးခြားတယ်။ အော်ဒါမှာတဲ့လူတွေကိုလည်း စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ်။ ဒီပုံမှာဆိုရင် ဒက်ဘီလွယ်ထားတာ အိတ်မဟုတ်ပါဘူး။ ကိတ်မုန့်တစ်လုံးပါ။ ကိတ်မုန့်ကို သားရေကြိုးတပ်ထားတာပါတဲ့။

 

" အသစ်တီထွင်ပါ... အသစ်တီထွင်ပါ" ဆိုတဲ့ စကားလုံးက ဒက်ဘီရဲ့ လက်ကိုင်ဆောင်ပုဒ်ပါ။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီးတော့ ကမ္ဘာအနှံ့သွားကာ ရှားပါးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေပြီး ကိတ်မုန့်မှာ အသုံးပြုတယ်လို့ ဆိုပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က