In partnership with  logo
မွေးရာပါ စွမ်းအားတစ်ခုများလား....

ယနေ့ခေတ်ကာလမှာ သန်မာကြံ့ခိုင်မှုကို တိုင်းတာတဲ့အခါ ပိုပြီးတွင်တွယ်ကျယ်ကျယ် တိုင်းတာလာကြတယ်။ အရင်ခေတ်လို နပမ်းလုံးပြီး အနိုင်ရမှ ကြံ့ခိုင်သန်မာသူလို့ သတ်မှတ်လို့မရဘူး။ ဥပမာပြောရရင် တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုမျိုး ဒူပေနာပေခံသလဲ၊ ကြံ့ကြံ့ခိုင်ရင်ဆိုင်သလဲဆိုတာတွေနဲ့ ကိုယ့်ရဲ့ ကြံ့ခိုင်သန်မာမှုကို တိုင်းတာကြတယ်။

 

Southern Denmark တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုသုတေသနတစ်ခုမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ကြံ့ခိုင်ကြတယ်လို့ ဆိုတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ သေဆုံးမှုနှုန်းကို အချက်အလက်တွေကောက်ပြီး လေ့လာခဲ့ကြတာပါ။ ငတ်မွတ်ဘေးဆိုက်ခြင်း၊ ကျွန်အဖြစ်ရောင်းချခံရခြင်း၊ ကူးစက်ရောဂါရခြင်း တို့လို ဆိုးရွားတဲ့ ကိစ္စတွေတိုင်း နီးပါးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး နှစ်များစွာကြာအောင် အသက်ပိုရှင်သန်နိုင်ကြတာကို တွေ့ရတယ်။

 

လေ့လာမှုမှာ ထည့်သွင်းစဉ်းစားတဲ့ အချက်အလက်တွေအနက် ၁၉၃၃ ခုနှစ် ယူကရိန်း အငတ်ဘေး ၊ ၁၈၄၅ ခုနှစ် အိုင်းရစ် အငတ်ဘေး ၊ ၁၈၁၃ ခုနှစ်က ထရီနီဒက် ကျွန်တွေရဲ့ လူ့သက်တမ်း၊ ၁၇၇၂ - ၁၇၇၃ ခုနှစ် ဆွီဒင်အငတ်ဘေး စတဲ့ သမိုင်းဖြစ်ရပ်တွေကနေ အချက်အလက်တွေကို ရယူကာ ခွဲခြမ်းစိတ်ဖြာခဲ့ကြတာပါ။ ဒီဖြစ်ရပ်တွေမှာဆိုရင် အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ သေဆုံးမှုမှတ်တမ်းကို ကြည့်ကြတဲ့အခါ အမျိုးသမီးတွေဟာ အချိန်ပိုကြာကြာ အသက်ရှင်နိုင်တာကို တွေ့ရပါတယ်။

အိုင်းရစ်သမိုင်းမှာဆိုရင် အသက်ရှင်သန်နိုင်တဲ့နှစ်ဟာ အမျိုးသားတွေမှာ ၁၈.၇ နှစ် ရှိပြီး အမျိုးသမီးတွေမှာဆိုရင် ၂၂.၄ နှစ် ကြာ အသက်ရှင်နိုင်ခဲ့ကြပါတယ်။ ဒီလေ့လာမှုရလဒ်အရဆိုရင် အမျိုးသမီးတွေဟာ ဇီဝဗေဒနည်းအရ မွေးရာပါ အသက်ရှင်ရပ်တည်နိုင်စွမ်း ပိုကောင်းကြတယ်ဆိုတာကို ထောက်ပြရာ ရောက်ခဲ့ပါတယ်။

Source : Esquire UK

Share

Loading Next Article...
က္က