In partnership with  logo
အလားတူဖြစ်ရပ်မျိုးဟာ တစ်ကြိမ်သာ ဖြစ်ခဲ့ဖူးတယ်။

နယူးဇီလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က သူမမှာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ သူမရဲ့ ပထမဆုံးရင်သွေးလေးကို ဇွန်လမှာ မွေးဖွားတော့မှာပါ။ သီတင်းပတ် ၆ ပတ်ကြာ ခွင့်ယူဖို့လည်း စီစဉ်ခဲ့ပါတယ်။

 

အသက် ၃၇ နှစ်အရွယ် ဂျက်စင်ဒါဟာ နယူးဇီလန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပြီး  ဗဟိုလက်ဝဲဝါဒီ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေသူဖြစ်ပါတယ်။ ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မီးဖွားသူအဖြစ် ဒုတိယမြောက်ခေါင်းဆောင် ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပြီး ဂျက်စင်ဒါကတော့ နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ် မီးဖွားမယ့် ဒုတိယမြောက်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

 

၁၉၉၀ ခုနှစ်တုန်းက Benazir Bhutto ဟာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း သမီးမိန်းကလေးတစ်ဦးကို ဖွားမြင်ခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်မဟုတ်ဘဲ ရွေးကောက်ခံနိုင်ငံခေါင်းဆောင်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ် မီးဖွားတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။

 

ဂျက်စင်ဒါ အာဒန်ဟာ ဗြိတိန်မှာ ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ မူဝါဒဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူပါ။ ၂၀၀၈ ခုနှစ်က အသက် ၂၈ နှစ်အရွယ်ဖြင့် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ လေဘာပါတီခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

Source : BBC

Share

Loading Next Article...
က္က