In partnership with  logo
Halsey ဆိုရင် သူ့ရဲ့စိတ်ရောဂါကို သီချင်းအဖြစ် ပြောင်းလဲပစ်ခဲ့တာ။

အမျိုးသမီးအဆိုတော်တွေထဲမှာ အားကျအတုယူကောင်းသူတွေ၊ ထက်မြက်အောင်မြင်သူတွေ အများကြီး ရှိပါတယ်။ အဆိုးရွားဆုံး အခြေအနေတွေကို ကျော်ဖြတ်ပြီး ကမ္ဘာကျော် အဆိုတော်ဘဝ ရောက်လာအောင် ကြိုးစားသူတွေလည်း အများကြီးပါပဲ။ ဂီတကိုယ်၌ကလည်း လူတွေရဲ့စိတ်ခံစားချက်ကို ပြောင်းလဲပစ်နိုင်တာကိုး။ ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်လာနိုင်ကြတဲ့ သူတို့တွေဟာ မိန်းကလေးတွေအတွက်လည်း အားကျအတုယူစရာကောင်းနေမှာပါ။

၁။ Halsey

1214169.jpg 

ဟောလ်ဆေဟာ အသက် ၁၇ နှစ်အရွယ်မှာ bipolar disorder ရခဲ့တယ်။ စိတ်တက်လွယ်လွန်း စိတ်ကျလွယ်လွန်းတဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူ့သီချင်းစာသားတွေဟာ တစ်ခါတစ်လေဆို အရမ်းကြမ်းနေတာကို တွေ့ရတယ်။ သူ့ရဲ့စိတ်နဲ့ပတ်သက်ပြီး ဖုံးကွယ်ထားရမယ့်အစား ဟောလ်ဆေက ဖွင့်ထုတ်ပစ်တယ်။ စာသားတွေအဖြစ် ပြောင်းလဲလိုက်တယ်လေ။

၂။ Lorde

1492455797-hbz-lorde-coachella-index.jpg 

ရီဝေဝေမျက်လုံးတွေနဲ့ Lorde ရဲ့ သီချင်းတွေကိုလည်း ကြိုက်တယ်။ အိပ်မက်တွေနောက်ကို လိုက်ဖို့အတွက် သူက ဥပမာတစ်ခုပါပဲ။ နယူးဇီလန်က မြို့ငယ်လေးတစ်ခုမှာ မွေးဖွားခဲ့တယ်။ ငယ်ငယ်လေးတည်းက အဆိုတော်အရမ်းဖြစ်ချင်ခဲ့သူပါ။ အဲ့ဒီအတွက် သူမရဲ့အိပ်မက်တွေနောက်ကို လိုက်ဖို့အတွက် ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ Green Light သီချင်းက မိန်းကလေးတွေအတွက် စိတ်ဓာတ်ခွန်အား တက်ကြွစေတဲ့သီချင်းအဖြစ်နဲ့ သိကြတယ်။

၃။ Kesha

kesha_wide-c976c0e647755f8cbc26ef56ba9d51127cd984bd.jpg 

ပါတီတွေမှာ ကလို့ကောင်း၊ ခုန်လို့ကောင်းတဲ့ သီချင်းတွေနဲ့ Kesha ကို သိခဲ့ကြတယ်။ မြူးမြူးကြွကြွသီချင်းတွေနဲ့ ကောင်မလေးဟာ ထုတ်လုပ်သူရဲ့ အနိုင်ကျင့်ခံရမှုကို ရုံးတော်မှာ လျှောက်ထားခဲ့တယ်။ ပြဿနာတွေက အများကြီးပဲ၊ အခက်အခဲတွေကို ရင်ဆိုင်ရပြီးနောက် အကြီးအကျယ် စိတ်ဓာတ်ကျခဲ့တယ်ဆိုတာကို သူမရဲ့ပုံပန်းသွင်ပြင်ကိုကြည့်တာနဲ့ သိနိုင်တယ်။ ဒါပေမဲ့ ခက်ရှာက ဖီးနစ်ငှက်လိုပဲ။ ပြန်လည်နိုးထလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့နဲ့ ခွင့်လွှတ်ပေးတတ်ဖို့အကြောင်းကို Praying ဆိုတဲ့ သီချင်းလေးနဲ့ ဖော်ပြခဲ့တယ်။ လက်ရှိဂီတလောကမှာတော့ ခက်ရှာရဲ့ဖြစ်ရပ်ဟာ သက်ဝင်ခံစားဖု့ိကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

၄။ Meghan Trainor

meghan.jpg 

မဒီတို့ မိန်းကလေးတွေကလေ ဘယ်တော့မှကို အလိုမကျကြဘူး။ ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျ၊ အားငယ်နေကြတယ်။ Meghan Trainor ကတော့ သူ့ခန္ဓာကိုယ်ကို ကျေကျေနပ်နပ်ကြီး လက်ခံထားသူပါ။ ကိုယ်ခန္ဓာလှလာအောင်လည်း မကြိုးစားဘူး။  All About That Bass သီချင်းနဲ့တောင် ခန္ဓာကိုယ်အကိတ်ကြီးဖြစ်ရတာကို ဂုဏ်ယူကြောင်း ဆိုထားလိုက်သေးတယ်။ သူ့ရဲ့ သီချင်းဗီဒီယိုမှာ ခန္ဓာကိုယ်လှအောင်ပြင်ခံလိုက်ရလို့ မကျေနပ်ကြောင်းလည်း ပြောသေးတယ်။

Source : All Women Talk

Share

Loading Next Article...
က္က