In partnership with  logo
ဘက်ခမ်းနဲ့ ပါတနာလို သဘောထားဆက်ဆံတဲ့အတွက် အောင်မြင်မှုရခဲ့တယ်။

အဆိုတော်တစ်ယောက်အဖြစ်နဲ့ အောင်မြင်ခဲ့သလို ဒီဇိုင်နာအလုပ်ကို ပြောင်းလဲလုပ်တာ့လည်း ဗစ်တိုးရီးယားဘက်ခမ်းဟာ အောင်မြင်မှုတွေ ရနေသူပါ။ သားသမီး ၄ ယောက်ကိုလည်း စနစ်တကျ ထိန်းကျောင်းနိုင်သူလည်းဖြစ်တယ်။ ပြီးတော့ ဘက်ခမ်းနဲ့ အိမ်ထောင်ရေးကလည်း သာယာနေအောင် ထိန်းသိမ်းထားနိုင်သူ။ ဗစ်တိုးရီးယားအနေနဲ့ သူမရဲ့ အိမ်ထောင်ရေးကို အဆင်ပြေနေအောင် ဘယ်လိုလုပ်သလဲဆိုတာ ပြောပြထားတယ်။



 

ဒီဇိုင်နာ ဗစ်တိုးရီးယားဟာ သူမနဲ့ဘက်ခမ်းရဲ့ အိမ်ထောင်ရေး ပြေလည်နေရခြင်းမှာ အဓိကကျဆုံးအရာကို Elle UK မဂ္ဂဇင်းမှာ ပြောသွားခဲ့တာပါ။ ဘက်ခမ်းက သူမကို ကလေးထိန်းကျောင်းတဲ့နေရာမှာ ကူညီပေးတာက အိမ်ထောင်ရေးသာယာခြင်းရဲ့ အဓိကသော့ချက်ပဲလို့ ဗစ်တိုးရီးယားကပြောတယ်။

 

" ဖက်ရှင်ရက်သတ္တပတ်တွေ (ဖက်ရှင်ရှိုးရှိတဲ့အချိန်တွေ)မှာ ကျွန်မ အလုပ်လုပ်နေချိန်ဆို ကလေးတွေက နယူးယော့ခ်မှာ ရှိနေမှာ။ သူက ကလေးတွေကို ပြတိုက်တွေလိုက်ပို့ဖို့နဲ့ စနေညမှာ ညစာထွက်စားဖို့ အသင့်စီစဉ်ထားပြီးနေပြီ။ သူက ကျွန်မလုပ်သလိုမျိုး ကောင်းကောင်းလုပ်နိုင်တယ်။ ဒါဟာ ကိုယ့်အိမ်ထောင်ရေးမှာ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ပြသရာရောက်ပါတယ်။ ကျွန်မက အဲ့တာကို ရထားတယ်လေ။ အဲ့ဒီအတွက် တကယ့် ပါတနာကောင်းတစ်ယောက် ဖြစ်စေတယ်" လို့ ကလေး ၄ ဦး မိခင် ဗစ်တိုးရီးယားက အင်တာဗျူးမှာ ဖြေခဲ့တယ်။

 

နှစ်ယောက်လုံးကတော့ အရမ်းအရမ်းကို အလုပ်များကြတဲ့လူတွေပါ။ ဒါပေမဲ့ နှစ်ယောက်အတူရှိချိန်တွေမှာ ဖုန်းတွေကို ချထားပြီး တစ်ခါတစ်လေဆို စကားတွေပဲ ပြောဖြစ်ကြတယ်လို့ ဗစ်တိုးရီးယားကပြောတယ်။ သိပ်မပြုံးတတ်တဲ့ ဗစ်တိုးရီးယားဟာ တကယ်တော့ စိတ်အေးလက်အေး အနားယူပြီး ရယ်မောရတာကိုလည်း ကြိုက်ပါတယ်။ သူ့အနေနဲ့ အဲ့လိုရယ်မောလိုက်တိုင်း လူတွေအံ့သြပျော်ရွှင်သွားကြလို့လည်း ကျေနပ်တယ်လို့ ပြောပါတယ်။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က