In partnership with  logo
ရာသီလာတယ်ဆိုတာ သဘာဝကိစ္စပါ။ ရှက်စရာ ရွံစရာကောင်းတဲ့ဖြစ်ရပ် မဟုတ်ပါဘူး။

Three Idiots ၊ PK ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား Aamir Khan ဟာ အမျိုးသမီးလစဉ်သုံးပစ္စည်း (ဂွမ်းကပ်)ကိုကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်တွေပေါ်ကို တင်လိုက်ပါတယ်။ နာမည်ကြီးမင်းသားတစ်ယောက်က မိန်းကလေးသုံးပစ္စည်းကိုကိုင်ပြီး ဓာတ်ပုံရိုက်ထားတဲ့အတွက် အားလုံးက အံ့သြသွားရတယ်။ ကျား၊မ  ခွဲခြားဆက်ဆံမှုတွေ တားမြစ်မှုတွေနဲ့ ရှင်သန်နေရတဲ့ အိန္ဒိယနိုင်ငံက မိန်းကလေးတွေအတွက်ကို ဘောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေက လှုပ်ရှားမှုတစ်ခု စတင်လိုက်တာ ဖြစ်ပါတယ်။

 

" ဟုတ်ပါတယ်။ ကျွန်တော့်လက်ထဲကဟာက အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခုပါ။ ပြီးတော့ အဲ့တာနဲ့ပတ်သက်ပြီး ဘာမှရှက်စရာလည်းမလိုပါဘူး။ ဓမ္မတာကိစ္စဆိုတာ သဘာဝပါပဲ" လို့ အမီရာခန်းရဲ့ တွစ်တာပေါ်မှာ ရေးထားပါတယ်။ #PadManChallenge လှုပ်ရှားမှုမှာ အခြားသော ဘောလိဝုဒ်သရုပ်ဆောင်တွေနဲ့အတူ အမီရာခန်းကလည်း ပါဝင်လိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းကိုကိုင်ပြီး ဓာတ်ပုံရိုက်တဲ့ စိန်ခေါ်မှု ပါဝင်လိုက်ပြီး အခြားလူတွေကိုလည်း စိန်ခေါ်လိုက်ပါသေးတယ်။ ဘောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ အမီတာ ဘတ်ချန်း၊ ရှာရွတ်ခန်းနဲ့ ဆာလ်မန် ခန်းတို့ကိုပါ သူ့လိုမျိုး ဓာတ်ပုံရိုက်ဖို့ စိန်ခေါ်လိုက်သေးတာပါ။

 

ဒီလိုလှုပ်ရှားမှုဟာ Pad Man ရုပ်ရှင်ဇာတ်ကားကို အခြေပြုပြီး ဖြစ်ပေါ်လာတာပါ။ အမျိုးသမီးလစဉ်သုံးပစ္စည်းကို တီထွင်ခဲ့တဲ့ အိန္ဒိယသားတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇနီးဖြစ်သူဟာ လစဉ် ဓမ္မတာလာချိန်တိုင်း သန့်သန့်ရှင်းရှင်းမနေရတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်။ ဇနီးသည်အပါအဝင် အိန္ဒိယက အမျိုးသမီးတွေဟာ ဓမ္မတာလာချိန်မှာ အခက်အခဲဖြစ်နေကြတာတွေကို သိရှိပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းကို ဖန်တီးဖြစ်သွားပါတယ်။

 

ဒီတီထွင်မှုကို စတင်ခဲ့သူ Muruganantham ကြောင့် အိန္ဒိယက အမျိုးသမီးသန်းပေါင်းများစွာဟာ ဓမ္မတာချိန်မှာ သန့်သန့်ရှင်းရှင်း နေလို့ရသွားခဲ့တယ်။ Muruganantham ကိုလည်း Time မဂ္ဂဇင်းက လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ၂၀၁၄ ခုနှစ်က ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒီအကြောင်းတွေကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားပြီး လက်ရှိရုံတင်နေတဲ့ Padmaavat ဇာတ်ကားရဲ့ မင်းသမီးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Pad Man ရုပ်ရှင်ဟာ ဓမ္မတာချိန်မွဲတေမှုအကြောင်းကို ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်လည်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ရုံတင်ပြသခွင့်မရ ဖြစ်နေပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရုံတင်ပြသဖို့ ရည်မှန်းထားပေမဲ့ အခက်အခဲတွေ ဝေဖန်တားမြစ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတာဟာ ရှက်စရာမဟုတ်ကြောင်း၊ သဘာဝကိစ္စကို လက်ခံဖို့အတွက်ကို ဘောလိဝုဒ်သရုပ်ဆောင်တွေက #PadManChallenge စာသားနဲ့အတူ လစဉ်သုံးပစ္စည်းကိုကိုင်ကာ ဓာတ်ပုံတင်ပြီး လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

Source : Time, Indian Express,

Share

Loading Next Article...
က္က