In partnership with  logo
အပေါ်ယံလုပ်ရတာမဟုတ်ဘူးနော်။ ကျောင်းစာတစ်ဖက်နဲ့ စာတွေရေးရ တည်းဖြတ်ရတာ။

သြစတြေးလျနိုင်ငံသူလေး Roxanne Downs ဟာ သူ့ရဲ့အသက် ၉ နှစ်ပြည့်ဖို့ ၂ လအလိုမှာ ကမ္ဘာ့အသက်ငယ်ဆုံး မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆုချီးမြှင့် ပေးအပ်ခံလိုက်ရပါတယ်။ It GiRL မဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ၆ လကြာ လုပ်ခဲ့ပြီးပါပြီ။ သူမရဲ့ ပထမဆုံးတည်းဖြတ်မှု မဂ္ဂဇင်းကိုလည်း သြစတြေးလျနဲ့ နယူးဇီလန်မှာ ဖြန့်ချိခဲ့ပါတယ်။

 

မဂ္ဂဇင်းအယ်ဒီတာလုပ်ရတာ မလွယ်တဲ့ကိစ္စပါ။ Roxanne ရဲ့ အယ်ဒီတာ တာဝန်ထဲမှာ နေ့လယ်စာစားပွဲတက်ရတာတွေ၊ တည်းဖြတ်မှုပိုင်း အမြင်သဘောထားတွေ၊ ဈေးကွက်ရှာဖွေရတာတွေ၊ လစဉ် အယ်ဒီတာ့အာဘော်ရေးရတာတွေအပြင် မဂ္ဂဇင်းပုံမနှိပ်မီ ကြည့်ရှုစစ်ဆေးပေးရတာတွေလည်း ပါဝင်ခဲ့တယ်။ ကျောင်းအိမ်စာတွေတစ်ဖက် မဂ္ဂဇင်းအယ်ဒီတာ တာဝန်တစ်ဖက် လုပ်ခဲ့တာပါ။

 

Roxanne ဟာ အယ်ဒီတာ တာဝန်ကို ပြီးစလွယ် အပေါ်ယံလုပ်ရတာမဟုတ်ခဲ့ဘူး။ ကျောင်းစာလည်း မလစ်ဟင်းရအောင်၊ မဂ္ဂဇင်းကိုလည်း ကြိုးစားအာရုံစိုက်ခဲ့ရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခုလိုထူးချွန်တဲ့အတွက် Roxanne ကို ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က ဆုချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

" သမီးရဲ့အသက်အရွယ်အုပ်စုနဲ့ သူငယ်ချင်းတွေကြားမှာ အောင်မြင်တဲ့အရာတစ်ခုခုမှာ ပါဝင်ချင်တယ်။ သမီးကိုယ်တိုင်ကလည်း ကလေးပဲလေ။ ပြီးတော့ IT GiRL ဆိုတာကလည်း ကလေးတွေအတွက်ရေးတဲ့ မဂ္ဂဇင်းပါ။ သက်တူရွယ်တူတွေနဲ့ တွေ့ဆုံတော့ သူတို့ဘာကြိုက်လဲ၊ သူတို့အတွက်ဘာကောင်းလဲ၊ သူတို့သိချင်တဲ့အကြောင်းအရာတွေ ဘာလဲဆိုတာ သိတယ်လေ" လို့ Roxanneက ပြောတယ်။ Roxanne အယ်ဒီတာအဖြစ် စတင်တာဝန်ယူတဲ့ မဂ္ဂဇင်းကို ၂၀၁၇ ခုနှစ် ဧပြီမှာ စတင် ဖြန့်ချိခဲ့တာပါ။ သူ့အနေနဲ့လည်း အယ်ဒီတာလုပ်ရတာကို ပျော်ရွှင်နေပါတယ်။

Source : GWR

Share

Loading Next Article...
က္က