In partnership with  logo
လေယာဉ်နဲ့ပတ်သက်ပြီး ဘာမှမသိဘူး၊ လမ်းညွှန်ပေးမယ့်လူလည်း မရှိခဲ့ဘူး။ ဖြစ်အောင်ကြိုးစားခဲ့တော့ ဖြစ်လာတာပဲ....

ပိုင်းလော့တစ်ယောက်ဖြစ်လာဖို့ဆိုတာ ယေဘုယျကျကျပြောရရင် မလွယ်သေးပါဘူး။ မိန်းကလေးတွေအတွက်ဆိုရင် ပိုတောင်ခက်နေပါသေးတယ်။ ခွဲခြားကန့်သတ်မှုတွေကနေ ဖောက်ထွက်ပြီး ပိုင်းလော့ဖြစ်လာတဲ့ အမျိုးသမီးတွေထဲမှာ Anny Divya ကလည်း တစ်ဦးအပါအဝင်ပါ။ ပြီးတော့ သူ မောင်းနှင်ရတာက ကမ္ဘာ့အကြီးဆုံး twinjet လေယာဉ်အမျိုးအစားဖြစ်တဲ့ Boeing 777 လေယာဉ်ကြီးဖြစ်ပါတယ်။

 

ဘိုးရင်း ၇၇၇ လို ကြီးမားတဲ့ လေယာဉ်ကြီးကို မောင်းနှင်နိုင်သူတွေထဲမှာမှ Divya အသက်အငယ်ဆုံးမိန်းကလေးလည်း ဖြစ်ပါတယ်။ အသက်က ၃၀ သာ ရှိပါသေးတယ်။ Air India လေကြောင်းလိုင်းမှာ ဘိုးရင်း ၇၇၇ လေယာဉ်ကြီးကို မောင်းနှင်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ ကလေးဘဝတည်းက ကောင်းကင်မှာ ပျံသန်းဖို့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူပါ။

 

" ကျွန်မ ကလေးဘဝတည်းက ပိုင်းလော့တစ်ယောက်ဖြစ်ချင်နေခဲ့တာ။ အဲ့တုန်းက ကျွန်မနားမှာ ပိုင်းလော့လုပ်တဲ့လူလည်း တစ်ယောက်မှမရှိပါဘူး။ ဘယ်သူ့လမ်းညွှန်ချက်မှလည်း မရှိခဲ့ဘူး။ လေယာဉ်ပဲမောင်းချင်နေခဲ့တာ" လို့ Divya က ပြောတယ်။

အသက် ၁၇ နှစ် အရွယ်မှာ Divya ရဲ့သူငယ်ချင်းတစ်ယောက်က လေယာဉ်မောင်းသင်တန်းကြော်ငြာတစ်ခုကို သူ့ကိုပြလာလို့ သင်တန်းတက်ခဲ့တယ်။ အရာအားလုံးက သူမအတွက် အသစ်တွေပဲ။ လေယာဉ်နဲ့ပတ်သက်ပြီး ဘာမှမသိထားဘဲနဲ့ တက်ရတာလေ။

 

" ကျွန်မတို့အားလုံးမှာ အောင်မြင်မှုအကြောင်းအရာတွေနဲ့ ရှုံးနိမ့်မှုတွေရှိကြတာပဲ... ဒါပေမဲ့ ကျွန်မတို့က လိုအပ်တဲ့အရာကို အာရုံစိုက်ဖို့နဲ့ ဆက်ပြီးလေ့လာသင်ယူနေဖို့ လိုပါတယ်" လို့ Divya က ဆိုတယ်။ ခုဆို အောင်မြင်တဲ့ ပိုင်းလော့တစ်ဦးဖြစ်နေပါပြီ။ လူတွေက သူ့ကို အားကျအတုယူတဲ့အတွက်လည်း ပျော်ရွှင်ရသလို သူတို့ရဲ့အိပ်မက်တွေကို အရောက်လှမ်းနိုင်ပါစေလို့လည်း ဆန္ဒပြုတယ်လို့ Divya က ပြောပါတယ်။

Source : CNN

Share

Loading Next Article...
က္က