AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်ဟာ တောင်ကိုရီးယားနိုင်ငံ ပြောင်ချန်းမှာ ပြုလုပ်နေတဲ့ ဆောင်းရာသီအိုလံပစ်ရဲ့ ပိတ်ပွဲအခမ်းအနားကို နိုင်ငံကိုယ်စားပြုတက်ရောက်ရမယ်လို့ သိရပါတယ်။ ဆောင်းရာသီအိုလံပစ်ပွဲတော် ပိတ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြုလုပ်မှာပါ။ သမ္မတ ဒေါ်နယ်လ်ထရမ့်က သမီးဖြစ်သူ အိုင်ဗန်ကာကို နိုင်ငံကိုယ်စားပြုသွားရောက်ပေးဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို သောကြာနေ့မှာ ပြုလုပ်ခဲ့ပြီး အမေရိကန်ဒုသမ္မတ မိုက်ခ် ပန့်စ်က တက်ရောက်ခဲ့ပါတယ်။ ထရမ့်က သမီးဖြစ်သူကို ပိတ်ပွဲကို သွားရောက်ဖို့ ထပ်မံစေလွှတ်ခဲ့တာပါ။ စီးပွားရေးလုပ်ငန်းရှင် အိုင်ဗန်ကာထရမ့်ဟာ ဖခင်ရဲ့လုပ်ငန်းတွေကို ဝင်ရောက်ကူညီပေးလေ့ရှိပါတယ်။

play

 

အိုင်ဗန်ကာအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ ရည်ရွယ်ထားသလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ ယခုအိုလံပစ်ပွဲကိုတော့ ခေတ္တခဏမျှသာ သွားရောက်မှာသာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ သမ္မတအိုဘားမား လက်ထက်တုန်းကလည်း ရုရှားရဲ့ လိင်တူချစ်သူတားမြစ်မှုကို ဆန့်ကျင်ကြောင်းပြသလိုတဲ့အတွက် Sochi Olympics ပွဲကို စကိတ်သမား Brian Boitano နဲ့ တင်းနစ်ချန်ပီယံ Billie Kean King တို့ကို စေလွှတ်ခဲ့တယ်။

play

 

ပန့်စ်က ယခုနှစ်အိုလံပွဲမှာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အကြမ်းဖက်မှုတွေအကြောင်းကို ပြောသွားဖို့ ရှိပါတယ်။ အိုင်ဗန်ကာ အနေနဲ့ကတော့ သူမရဲ့ခင်ပွန်းသည်ကြောင့် တက်ရောက်ရတာလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့များ ထရမ့်မိသားစုဝင်တစ်ဦးအနေနဲ့ တစ်ခုခုများ လှုပ်ရှားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Source : Vanity Fair

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD