In partnership with  logo
အသက်က ဖက်ရှင်ကျမှုကို ရပ်တန့်ပစ်လို့မရဘူး။

ဝါသနာပါတဲ့ အရာတစ်ခုကို စတင်ဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။ ဒါကို သက်သေပြခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးအကြောင်း မျှဝေချင်ပါတယ်နော်။ သူ့နာမည်က Lyn Slater လို့ ခေါ်ပြီး နာမည်ကြီး ဖက်ရှင်ဘလော့ဂါတစ်ဦးပါ။ အသက် ၆၄ နှစ်အရွယ် လင်းရဲ့ Accidental Icon ဘလော့ဟာ ဖက်ရှင်ကြိုက်သူတွေကြားမှာ ပေါ်ပြူလာဖြစ်ပါတယ်။



အသက်က ၆၄ နှစ်၊ ဆံပင်တွေလည်း ဖြူနေပြီ။ ဒါပေမဲ့ စလေတာရဲ့စတိုင်လ်ကတော့ တကယ့်ကို အမိုက်စားပါ။ ဆံပင်ဖြူကို ဆေးဆိုးဖို့အတွက် ငြင်းဆန်ပြီး သူမရဲ့စတိုင်လ်နဲ့ဖက်ရှင်ကို အလန်းစားပြင်ဆင်နေသူဖြစ်ပါတယ်။ အသက်အရွယ်က ဖက်ရှင်မှာ အရေးကြီးပါတယ်။ ဒါပေမဲ့ စလေတာအတွက်တော့ ဒီစကားက မဟုတ်ခဲ့ဘူး။

 

" အသက်အရွယ်ဆိုတာ အကြောင်းပြစရာကိစ္စမဟုတ်ပါဘူး" လို့ စလေတာက ပြောတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကမှ သူမရဲ့ ဘလော့ကို စတင်ခဲ့တာပါ။ နောက်တော့ သူမရဲ့စတိုင်လ်ကို လူသိများလာခဲ့တယ်။ " ကျွန်မအသက်က ၂၀ မဟုတ်ဘူး၊ ကျွန်မ အသက် ၂၀ လည်း မဖြစ်ချင်ဘူး။ ကျွန်မအထာနဲ့ကျွန်မ အေးဆေးပဲ" လို့ ပြောတယ်။

စလေတာက Fordham တက္ကသိုလ်မှာလည်း ပညာသင်ကြားနေခဲ့သလို ဖက်ရှင်ဘလော့ကိုလည်း တပြိုင်တည်းလုပ်နေတယ်လို့ သိရတယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လူတိုင်းကို ဖက်ရှင်အကြောင်း ပြောစေချင်တယ်လို့ စလေတာကဆိုတယ်။ ခုဆို သူ့ရဲ့ဘလော့မှာ နိုင်ငံတကာက ပရိသတ်တွေ အများကြီး ရထားပြီးပါပြီ။

Source : W Mag


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က