In partnership with  logo
၄ လက်မ ဒေါက်မြင့်ကိုစီးပြီး ၈ နာရီလုံးလုံး မတ်တပ်ရပ် စကားပြောသွားတာ

အမေရိကန်သမိုင်းတစ်လျှောက် ရာစုနှစ်တစ်ခုကျော်အတွင်း အရှည်လျားဆုံးမိန့်ခွန်းကို ပြောခဲ့တဲ့သူကတော့ အတိုက်အခံပါတီခေါင်းဆောင် Nancy Pelosi ဖြစ်လာပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောခဲ့တာပါ။ သူမရဲ့မိန့်ခွန်းဟာ အချိန ၈ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။

 

"Dreamers" (အိပ်မက်မက်သူများ) လို့ အမည်ရတဲ့ ခွင့်ပြုချက်မရဘဲနေထိုင်တဲ့ လူငယ် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့အကြောင်းကို နန်စီက လွှတ်တော်မှာ ဖတ်ပြသွားခဲ့တာပါ။ အာဏာရပါတီဘက်က Paul Ryan ကိုလည်း အဆိုပါရွှေ့ပြောင်းအခြေချသူတွေ မဲပေးခွင့်ရဖို့အတွက် ဥပဒေရေးဆွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

နန်စီရဲ့ မိန့်ခွန်းဟာ အချိန်ကြာမြင့်ခဲ့ပြီး မာရသွန်ပြေးပွဲတစ်ခုထက်တောင် ပိုမိုကြာမြင့်သွားခဲ့တယ်။ ဒါဟာ နိုင်ငံတွင်း ရှိခဲ့တဲ့ စံချိန်ကိုပါ ချိုးလိုက်တာလည်းဖြစ်တယ်လို့ Office of the Historian အရ သိရပါတယ်။ အရင်စံချိန်ဟောင်းကတော့ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က ဖြစ်ခဲ့တာပါ။ Missouri ပြည်နယ်က Champ Clark ဟာ ၁၉၀၉ ခုနှစ်မှာ ပြောခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းကတော့ သူ့ရဲ့မိန့်ခွန်းဟာ ၅ နာရီ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။

 

Clark နဲ့ ယှဉ်ရင်တော့ Nancy Pelosi မိန့်ခွန်းက အချိန်ပိုကြာခဲ့တယ်။ ဒီ့ထက်ပိုပြီးတော့လည်း ပင်ပန်းခဲ့တယ်။ ၈ နာရီကျော် ဆက်တိုက် ပြောသွားခဲ့တာဖြစ်ပြီး ရေသောက်တာကလွဲရင် လုံးဝကို မရပ်မနားပြောသွားခဲ့တာပါ။ ပြီးတော့ ၄ လက်မ မြင့်တဲ့ ဒေါက်ဖိနပ်နဲ့ မတ်တပ်ရပ်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

Source : Business Insider

Share

Loading Next Article...
က္က