In partnership with  logo
လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျိုလီက ကလေးတွေကို သူ့ခြေရာနင်းစေချင်တယ်။

အန်ဂျလီနာဂျိုလီဟာ သူမရဲ့ သမီးတွေကို လူမြင်ကွင်းမှာ အမြဲတမ်း ပွဲထုတ်လေ့ရှိတယ်။ ဒါပေမဲ့ ဘဝမှာ ကော်ဇောနီထက်ပိုပြီး အရေးကြီးတဲ့အရာ ရှိတယ်ဆိုတာကိုလည်း သတိပေးဆုံးမတယ်။ သမီးတွေကို ဘယ်လိုဆုံးမသွန်သင်သလဲ ဆိုတဲ့အကြောင်းကို မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

 

သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျိုလီက သူ့ရဲ့ကလေးတွေကို သူ့ခြေရာနင်းစေလိုပါတယ်။ ပြီးတော့ လူတွေကို ကူညီဆောင်ရွက်ပေးရတဲ့ဘဝနဲ့ အခြားအမျိုးသမီးတွေနဲ့အတူ တစည်းတလုံးတည်း ရှိမှာကိုလည်း လိုလားပါတယ်။ " ကျွန်မသမီးတွေကို ကျွန်မပြောတယ်... ကိုယ့်ကိုယ်ကိုယ်ခွဲထုတ်လိုက်တာက တခြားလူတွေအတွက် လုပ်ကိုင်ပေးချင်တဲ့ ဆန္ဒရှိလို့ပါပဲ။ လူတိုင်းက dress ဝတ်ပြီး မိတ်ကပ်လိမ်းနိုင်တယ်။ ကိုယ့်စိတ်ကပဲ ကိုယ့်ကိုသတ်မှတ်တာလေ။ ကိုယ်ဘာလဲဆိုတာကို ရှာဖွေပါ၊ ကိုယ်ဘာစဉ်းစားလဲ၊ ပြီးတော့ ကိုယ် ဘာအတွက်ရပ်တည်သလဲဆိုတာကိုရောပေါ့။ ပြီးရင် တခြားလူတွေအတွက် တူညီတဲ့လွတ်လပ်ခွင့်တွေအတွက် တိုက်ခိုက်ပါ။ အမှုထမ်းရတဲ့ဘဝဟာ အသက်ရှင်ရတာ ထိုက်တန်ပါတယ်" လို့ ဂျိုလီက သူမရဲ့ သမီးတွေကို ဆုံးမပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီနဲ့အတူ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့အကြံပေးချက်ကို မျှဝေသွားခဲ့တာပါ။ အဲ့ဒီအင်တာဗျူးမှာလည်း ဂျိုလီက အမျိုးသမီးတွေရဲ့အခွင့်အရေး၊ လိင်အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စစ်နဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ (မတ်လ ၈ ရက်) နေ့ရဲ့ အရေးပါပုံတွေကို ဆွေးနွေးသွားခဲ့တယ်။ သင်ယူလေ့လာချင်တဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေးကိစ္စတွေအတွက် အလုပ်တွေစလုပ်ခဲ့တယ်၊ ဒုက္ခသည်တွေနဲ့တွေ့ခဲ့တယ်။ ပြဿနာရဲ့ရင်းမြစ်ကို ရှာဖွေဖို့အတွက်လည်း ဂျိုလီက အမြဲတမ်းပြောလေ့ရှိသူပါ။

 

လက်ရှိမှာ ဂျိုလီက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ အထူးသံတမန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကလေးတွေကိုလည်း ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တွေမှာ ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ သိရပါတယ်။

Source : Elle, W Mag

Share

Loading Next Article...
က္က