In partnership with  logo
စီးပွားရေး၊ နိုင်ငံရေးတင်မက အိမ်တွင်းမှာပါ အမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့တန်းတူ အခွင့်အရေး ရကြတယ်။

မိန်းကလေးတစ်ယောက်အဖြစ်နဲ့ မွေးဖွားရတာလောက် ကောင်းတာမရှိတော့ဘူး။ မိန်းကလေးတွေက ကမ္ဘာကြီးကို လှပအောင် ပြုလုပ်နိုင်တယ်လေ။ ပျော့ပျောင်းနူးညံ့မှုလည်းရှိသလို သန်မာကြံ့ခိုင်မှုလည်း ရှိကြတယ်။ အမျိုးသမီးတွေကို အခွင့်အရေးတန်းတူညီမျှပေးပြီး လုံခြုံစိတ်ချရမှုရှိတဲ့ နိုင်ငံတွေအကြောင်း ကြည့်ရအောင်။ ခရီးသွားမယ်ဆိုရင် အဲ့ဒီနိုင်ငံတွေဆီ အလည်သွားကြတာပေါ့။

၁။ အိုက်စ်လန်

p8010029.jpg 

အိုက်စ်လန်နိုင်ငံဟာ အမျိုးသမီးတွေကို ဥပဒေတွေနဲ့ ကာကွယ်ပေးထားတယ်။ အင်တာနက်ပေါ်မှာကအစ ထိန်းချုပ်တားမြစ်ထားတဲ့နိုင်ငံပါ။ အမျိုးသမီးတွေကို မကောင်းတဲ့သက်ရောက်မှုဖြစ်စေမယ့် အင်တာနက်ပေါ်က ညစ်ညမ်းပုံတွေကိုပါ သတိထားစောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ်ပိတ်ထားလေ့ရှိတယ်။ အမျိုးသမီးခေါင်းဆောင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အိုက်စ်လန်လွှတ်တော်အမတ်တစ်ဝက်နီးပါးကလည်း အမျိုးသမီးတွေပါ။

၂။ ဖင်လန်

ကျား၊မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဖင်လန်မှာ အမျိုးသမီးတွေကို အမျိုးသားတွေအောက် လစာလျှော့ပြီးပေးလို့မရပါဘူး။ ဥပေဒနဲ့ငြိစွန်းပါတယ်။ မီးဖွားခွင့်က ၂၆၃ ရက် ပေးပါတယ်။ မီးဖွားခွင့် ကုန်ဆုံးပြီးရင်လည်း အလုပ်ကိုပြန်လုပ်ရပါတယ်။ ၁၉၀၆ ခုနှစ်ကစပြီး ဖင်လန်နိုင်ငံသူတွေဟာ လွှတ်တော်အတွက် ရွေးကောက်ခံဖို့ယှဉ်ပြိုင်ရာမှာ ကန့်သတ်ချက်တွေ မရှိပါဘူး။

၃။ ဆွီဒင်

နိုင်ငံတွင်းက အလုပ်လုပ်နေသူတွေမှာ ၇၇% က အမျိုးသမီးတွေပါ။ အမျိုးသမီးတွေရဲ့ ပညာရေးကို ကောင်းကောင်းထောက်ပံ့ပေးတဲ့နိုင်ငံလည်းဖြစ်တယ်။ အမျိုးသမီးတွေကို မီးဖွားခွင့် ၆၉ ပတ် (၄၈၃ ရက်) တောင် ပေးထားတယ်။

၄။ နော်ဝေး

ကျားမ တန်းတူညီမျှရေးအတွက် ဥပဒေထုတ်တဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်တယ်။ စီးပွားရေး၊ နိုင်ငံရေးတင်မက အိမ်တွင်းမှာပါ အမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့တန်းတူ အခွင့်အရေး ရကြတယ်။ အစိုးရအဖွဲ့ရဲ့ ၄၀ % က အမျိုးသမီးတွေဖြစ်ကြတယ်။

၅။ နယူးဇီလန်

nw.jpg 

အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံက နယူးဇီလန်ပါ။ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်ရခဲ့ကြတယ်။ ဘုရင်မ၊ အစိုးရ၊ ဝန်ကြီးချုပ်၊ အထက်လွှတ်တော်ဥက္ကဌ စတာတွေအားလုံးကလည်း အမျိုးသမီးတွေပါ။ အမျိုးသမီးဝါဒီရဲ့ icon တစ်ဦးဖြစ်တဲ့ ရှယ်ရီဆန်းဘတ်ကလည်း နယူးဇီဘန်လာ သာတူညီမျှမှုရှေးရှုတဲ့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုဖူးတယ်။ အမျိုးသမီးတွေရဲ့ ပညာရေး၊ လုပ်ပိုင်ခွင့်အာဏာတွေကို ထောက်ခံအားပေးတဲ့နိုင်ငံပါ။

၆။ ယူကေ

ကျန်းမာရေးစနစ်ကောင်းမွန်တဲ့နိုင်ငံဖြစ်တယ်။ မီးဖွားချိန်မျိုးမှာဆို အစိုးရက အရမ်းကို ထောက်ပံ့ပေးတယ်။ ပညာရေးမှာဆိုလည်း ဘွဲ့လျှောက်လွှာတင်တဲ့သူတွေမှာ ၅၅%က မိန်းကလေးတွေ။ အမျိုးသမီးဝါဒီအဖွဲ့တွေအများကြီးရှိတယ်။

၇။ ကနေဒါ

အဝတ်အစားကြောင့် မုဒိမ်းကျင့်ရတဲ့ဖြစ်ရပ်မျိုးကို ကန့်ကွက်တဲ့ နိုင်ငံပါ။ ကနေဒါအစိုးရရဲ့ အထက်လွှတ်တော်မှာ ၁၇.၉ % က အမျိုးသမီးတွေပါ။ ကျားမ တန်းတူညီမျှရေးအတွက်လည်း ရွက်ဆောင်နေတဲ့နိုင်ငံ ဖြစ်တယ်။

၈။ အမေရိက

အမေရိကန်သူတွေဟာ ရဲရင့်ထက်မြက်ကြတယ်။ ဆွီဒင်နဲ့ ဖင်လန်တို့လို အလုပ်နဲ့ပတ်သက်လာရင် အမျိုးသမီးရာခိုင်နှုန်းများတယ်။ ကောလိပ်ရဲ့အဓိကဘွဲ့တွေကိုရကြတာလည်း အမျိုးသမီးတွေပဲ။

၉။ နယ်သာလန်

အမျိုးသမီးတွေအတွက်တော့ နယ်သာလန်ဟာ နေထိုင်သင့် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်ခုပါ။ LGBT ဆိုရင် ပိုတောင်ကောင်းသေးတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၁ ခုနှစ်မှာ အစိုးရက LGBT တွေကို လွတ်လပ်ခွင့်ပေးတယ်။ အဲ့ဒီမတိုင်ခင် ၁၉၇၈ ခုနှစ်တည်းကစပြီးတော့ မီးဖွားခွင့်၊ ဂရုစိုက်မှု၊ ဝင်ငွေ၊ စွမ်းအား၊ ဆုံးဖြတ်ချက်၊ ပညာရေး၊ လစာ စတာတွေမှာ အမျိုးသားတွေနဲ့အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရခဲ့တယ်။ နိုင်ငံတွင်း ပညာရေးပိုင်းအဓိကနေရာတွေမှာ အမျိုးသမီးတွေက ထူးချွန်ကြသတဲ့။

၁၀။ သြစတြေးလျ

-1124639_origin.jpg 

လုပ်ငန်းခွင်ထဲမှာ ကျားမ သာတူညီမျှရှိတယ်။ အမျိုးသမီးတွေရဲ့ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးတယ်။ အမျိုးသမီးဝန်ကြီးချုပ် Julia Eileen Gillard ဆိုရင်လည်း မိန်းကလေးတွေအတွက် အားကျစရာ ပုဂ္ဂိုလ်တစ်ဦးပဲ။ သြစတြေးလျရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်လေ။

Source : So Feminine

Share

Loading Next Article...
က္က