AD
AD
AD

ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ လက်ရှိမှာဆိုရင် အမျိုးသမီးတွေပဲလို့ ပြောရမယ်။ ဟောလိဝုဒ်နယ်ပယ်ထဲက မင်းသမီးတွေဟာလည်း အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ၊ တန်းတူညီမျှရေးအတွက်အတွက် လုပ်ဆောင်နေကြပါပြီ။ အထူးသဖြင့်တော့ ၂၀၁၇ ခုနှစ်မှာ ပိုပြီးတော့ အင်တိုက်အားတိုက် လှုပ်ရှားလာကြတယ်။ Feminist (အမျိုးသမီးဝါဒီသမား) ဆိုတာ အစွန်းရောက်တွေမဟုတ်ပါဘူး။ အမျိုးသားတွေနဲ့တန်းတူ ရပိုင်ခွင့်အတွက် ထောက်ခံလှုပ်ရှားနေသူသာ ဖြစ်ပါတယ်။ ဟောလိဝုဒ်နယ်ပယ်ထဲက လူသိများတဲ့ feminist တွေက ဘယ်သူတွေဖြစ်မလဲ။

၁။ ဘီယွန်းဆေး

play
 

၂၀၁၆ ခုနှစ်တုန်းက Elle မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဘီယွန်းဆေးကို "feminist" ဆိုတဲ့စကားလုံးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုခိုင်းခဲ့တယ်။ သူက feminist ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သီချင်းတွေနဲ့ ဖျော်ဖြေရေးတွေမှာ ဖော်ပြလေ့ရှိသူပါ။ " အဲ့တာက အရမ်းရိုးရှင်းပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ တူညီတဲ့ ရပိုင်ခွင့်အပေါ် ယုံကြည်သူကို ခေါ်တာပါ။ ယောက်ျားတစ်ယောက်ဖြစ်နေရင်တောင် ကိုယ့်သမီးဟာ ကိုယ့်သားလို အခွင့်အရေးရရမယ်လို့ ယုံကြည်ရင် ရှင်လည်း feminist တစ်ယောက်ပဲပေါ့" လို့ ဖြေခဲ့တယ်။ အဲ့ဒီအတွက် ပြောင်းလဲဖို့ လိုအပ်ပါပြီလို့လည်း ပြောခဲ့သူပါ။

၂။ မေရီ စထရိ(ပ်)

play
 

ဟောလိဝုဒ်လောကရဲ့ ကင်မရာနောက်ကွယ်က ကျား၊မ ကွာဟမှုတွေကို ပေါင်းကူးပေးဖို့ ကာလရှည်ကြာ ကြိုးစားနေခဲ့သူပါ။ အမျိုးသမီးဒါရိုက်တာတွေ များများပေါ်ထွက်လာစေချင်သူ။ သူတို့ရဲ့အကြောင်းတွေ ပြောပြဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။ မတူကွဲပြားမှုနဲ့ သာတူညီမျှမှုတွေအကြောင်း အမြဲတမ်းပြောတယ်။ Time's Up မှာလည်း သူက ဦးဆောင်လှုပ်ရှားသူပါ။

၃။ အမ်မာ ဝပ်ဆန်

play
 

သူလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ feminist တစ်ဦးအဖြစ် ရဲရဲရင့်ရင့် လှုပ်ရှားနေသူဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေနဲ့ ကလေးသရုပ်ဆောင်လေးဟာ ခုချိန်မှာ ကုလသမဂ္ဂရဲ့ နှလုံးလှသံတမန်လည်း ဖြစ်နေပါပြီ။ အမျိုးသမီးတွေအတွက် တာဝန်ထမ်းဆောင်ပေးနေတာပါ။ HeForShe လှုပ်ရှားမှုကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကိုယ်သူ feminist တစ်ယောက်ပါလို့ အမြဲတမ်းဂုဏ်ယူစွာနဲ့ပြောလေ့ရှိပြီး အမျိုးသမီးအရေးအတွက် အမြဲတမ်းတက်ကြွလှုပ်ရှားနေသူလေးပါ။

၎။ အန်ဂျလီနာဂျိုလီ

play
 

ဂျိုလီကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှလုံးလှသံတမန်တစ်ဦးပါ။ ဒုက္ခသည်တွေအတွက် အားထုတ်ရွက်ဆောင်နေသလို အမျိုးသမီးတွေအပေါ် ကောင်းကျိုးဖြစ်စေမယ့်အရာတွေအတွက်လည်း ပါဝင်လုပ်ဆောင်လေ့ရှိတယ်။ သူ့ရဲ့သမီးတွေကိုလည်း အမျိုးသမီးတွေအတွက် ပါဝင်ဆောင်ရွက်ဖို့ ဆုံးမပါသတဲ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD