In partnership with  logo
ကင်ဆာအဆင့်အမျိုးမျိုးနဲ့ ရှင်သန်နေကြတဲ့အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားပေးဖို့ ရည်ရွယ်တယ်။

တနင်္ဂနွေနေ့တုန်းက နယူးယော့ခ်ဖက်ရှင်ရက်သတ္တပတ်မှာ ရင်သားကင်ဆာသည် အမျိုးသမီးတွေက ရှိုးလျှောက်ခဲ့ကြတယ်။ ဖက်ရှင်ရှိုးတွေမှာ အောင်မြင်တဲ့မော်ဒယ်တွေချည်း လွှမ်းမိုးနေတဲ့အချိန် ရင်သားကင်ဆာသည် အမျိုးသမီးတစ်စုက ရှိုးလျှောက်တာဟာ ဂုဏ်ယူစရာကောင်းပါတယ်။ အမျိုးသမီးအချင်းချင်း အားပေးရာလည်း ရောက်ခဲ့တယ်။

 

The Cancerland ရှိုးကို တနင်္ဂနွေညနေက ပြုလုပ်ခဲ့တာဖြစ်ပြီး Ana Ono အမှတ်တံဆိပ် အတွင်းခံအဝတ်အထည်တွေကို ပြသခဲ့တာပါ။ ဒီပွဲမှာ ရင်သားကင်ဆာ ခံစားနေရတဲ့ အမျိုးသမီးတွေ ပါဝင်လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။ ခွဲစိတ်ထားတဲ့ အမာရွတ်ရာတွေကိုလည်း ဂုဏ်ယူစွာနဲ့ပဲ ပြသခဲ့ပြီး ရဲရဲဝံ့ဝံံ့လျှောက်သွားကြတယ်။

 

Ana Ono အမှတ်တံဆိပ်ဟာ ရင်သားကင်သည် အမျိုးသမီးတွေအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ အတွင်းခံတွေကို ရောင်းချတဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။ Ana Ono ရဲ့ နှစ်စဉ်ရှိုးပွဲကို ရင်သားကင်ဆာခံစားရသူတွေနဲ့ လျှောက်ဖို့အတွက် The Cancerland အဖွဲ့က ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ နယူးယော့ခ်မြို့အခြေစိုက် အဲ့ဒီအဖွဲ့ဟာ ရင်သားကင်ဆာ ခံစားရတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးပြောဆိုနေကြတာတွေကို ပြောင်းလဲလိုတဲ့အတွက် ဒီပွဲကိုစီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ရင်သားကင်ဆာအရေး ဦးဆောင်လှုပ်ရှားသူ အကယ်ဒမီဆုရှင် Mira Sorvino က ရှိုးပွဲကို တင်ဆက်ခဲ့ပါတယ်။

 

ကင်ဆာကြောင့် ရင်သားမရှိတဲ့ အမျိုးသမီးတွေဟာ တက်ကြွပျော်ရွှင်စွာနဲ့ လျှောက်ခဲ့ကြတယ်။ သူတို့ဟာ သာမာန်လူတွေနဲ့ ဘာမှမကွာဘူးဆိုတာကိုလည်း အခြားသော ရင်သားကင်ဆာသည်တွေကို အားပေးလိုတဲ့အတွက် စီစဉ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီရှိုးပွဲဟာ ကင်ဆာအဆင့်အမျိုးမျိုးနဲ့ ရှင်သန်နေကြတဲ့အမျိုးသမီးတွေကို ရည်ညွှန်းခဲ့တယ်။

 

အသက် ၂၀ မှ ၅၀ ကြား ကင်ဆာရောဂါခံစားရသူ အားကစားသမား၊ ဂီတသမား၊ ပညာရေးနယ်ပယ်နဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ပါတယ်။

Source : Culture Trip

Share

Loading Next Article...
က္က