In partnership with  logo
ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထား၊ မချစ်တတ်ရင် တခြားလူတွေက ပိုချစ်ပေးလိမ့်မယ်လို့ မထင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတွေးနေတဲ့ သိမ်ငယ်စိတ်တွေက မဒီလေးတို့ကို အောင်မြင်တဲ့လမ်းတွေဆီ ခေါ်သွားနိုင်မှာမဟုတ်ဘူး။ အမြဲတမ်း အားငယ်နေမယ်၊ ကြောက်လန့်နေမယ်၊ ဘာမှမလုပ်မကိုင်ရဲဘူးဆိုရင် သတ္တိမရှိဘူးဆိုရင် မဒီလေးတို့လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့ရာ ခက်ခဲနေဦးမှာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ထက် သူများကို ပိုချစ်နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်သူသာလျှင် ပူဆွေးသောကတွေနဲ့ဝေးပြီး ယုံကြည်ချက်ရှိရှိ နေနိုင်မှာပါနော်။

 

မိန်းကလေးအများစုဟာ ကိုယ့်ကိုယ်ကိုယ် လုံလုံလောက်လောက် မချစ်တတ်ကြပါဘူး။ မလိုအပ်တဲ့ သိမ်ငယ်စိတ်၊ ကြောက်လန့်စိတ်တွေ၊ အတွေးမှားတွေကို မွေးမြူထားကြတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာက အတ္တကြီးဖို့ တစ်ကိုယ်ကောင်းဆန်ဖို့ကို မဆိုလိုပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီး ဂရုစိုက်ပေးတာ၊ ကိုယ့်အတွက်ကောင်းမယ့်အရာတွေကို သူများကိုမထိခိုက်စေဘဲ လုပ်တာကို ပြောတာပါ။ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထား၊ မချစ်တတ်တဲ့ မိန်းကလေးတွေကို တခြားလူတွေက ပိုချစ်ပေးလိမ့်မယ်လို့လည်း မမျှော်မှန်းစေချင်ဘူး။ ဒီတော့ ကိုယ့်ကိုယ်ချစ်တတ်လာအောင် ဘယ်လိုလုပ်ကြမလဲ။

 

၁။ ခန္ဓာကိုယ်ကို စိတ်မပျက်ပါနဲ့။ လူဆိုတာ ပြီးပြည့်စုံတယ်ရယ်လို့မရှိဘူး။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်က အားနည်းချက်လို့ မြင်နေရင် သူများတွေ ပိုလှောင်ကြမှာပေါ့။ အကောင်းအတိုင်း ကျန်းမာနေတဲ့ခန္ဓာကိုယ်က တန်ဖိုးအရှိဆုံးပါ။

၂။ သူများနဲ့လိုက်ယှဉ်နေတာတွေ ရပ်လိုက်ပါ။ သူများက ကိုယ့်ထက်ပိုလှနေတယ်၊ သူရတာတွေ ကိုယ်မရလို့ အားငယ်တာတွေ ဖြစ်လာတယ်။ သူကသူ ကိုယ်ကကိုယ်ပဲ။ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကိုလည်း သူရချင်မှ ရမှာလေ။

 

၃။ ကိုယ်ဖြစ်တာကို လုပ်ဖြစ်အောင်လုပ်ရမယ်။ အကြောင်းပြချက်တွေကို မေ့လိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးနော်။ ပိန်ချင်သလား ... လေ့ကျင့်ခန်းလုပ်၊ အစားလျှော့ရင် ဖြစ်တယ်။ ကိတ်ချင်ရင်လည်း လေ့ကျင့်ခန်းလုပ်ရင် ရလာမှာပဲ။ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်မကြိုးစားဘဲ ထိုင်ပြီးစိတ်ပျက်နေရုံနဲ့တော့ ကိုယ့်ကိုယ်ကိုယ်ချစ်ရာမရောက်ပါဘူး။ လိုချင်တဲ့အရာရှိတယ်ဆိုရင် ဒီစာဖတ်နေရင်း ချက်ခြင်းပဲ ထလုပ်လိုက်ပါတော့နော်။

Share

Loading Next Article...
က္က