In partnership with  logo
လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားခွင့်ရှိတယ်။

တချို့မိန်းကလေးတွေရှိတယ် ကိုယ်လိုချင်တာဆို ဝယ်ပစ်လိုက်တာပဲ။ အဲ့ဒီပစ္စည်းတစ်ခုဝယ်ပြီး ကျန်တာ ဘာမှမသုံးဘဲနေဆိုလည်း နေနိုင်ကြတယ်။ ဒါမှမဟုတ် သူတို့သဘောကျတဲ့အရာ တစ်ခုခုမှာ ပိုက်ဆံတွေသုံးပစ်လိုက်ကြတယ်။ အဲ့ဒီအတွက် အပြစ်တင်တာတွေ လုပ်ဖို့ မသင့်ဘူး။ လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားခွင့်ရှိတယ်။

 

မိန်းကလေးတစ်ယောက်ဟာ သူ့စိတ် သာယာမှုအတွက် သူနှစ်သက်ရာကို လုပ်ပိုင်ခွင့်ရှိပါတယ်။ ဘယ်သူ့ကိုမှလည်း ထိခိုက်စော်ကားနေတာလည်းမဟုတ်၊ ကိုယ်ပိုင်ဝင်ငွေနဲ့ သုံးနေတာဖြစ်လို့ ပြစ်တင်နေတာတွေ ရပ်သင့်ပါပြီ။ မိန်းကလေးတစ်ယောက်ဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ရှော့ပင်ထွက်တာ သူ့အခွင့်အရေးလေ။

 

စိတ်ပင်ပန်းစရာတွေများတဲ့ နေ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားသင့်တာပေါ့။ အဲ့လိုမျိုး စိတ်ချမ်းသာဖို့အတွက် ရုပ်ဝတ္ထုတွေလည်း လိုအပ်တယ်။ ကိုယ်အလုပ်လုပ်တယ်၊ ရတဲ့ငွေနဲ့ ကိုယ့်ဘာသာဝယ်တယ်။ " ဖြုန်းလိုက်တာ၊ အပိုတွေ.... ပိုက်ဆံဖြင့်မရှိဘဲ ဈေးကြီးတာတွေဝယ်တယ်" စတဲ့စကားတွေနဲ့ ဝေဖန်ကြတယ်။

 

ဝေဖန်သံတွေကြောင့် အနည်းနဲ့အများဆိုသလို စိတ်ညစ်ရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မဒီကတော့ ညီမလေးတို့ကို အဲ့ဒီအတွက် စိတ်မညစ်စေချင်ဘူး။ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ရှင်သန်ပါ၊ ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားပါ။ အဲ့ဒီအတွက် သူများတွေဝေဖန်တာကိုလည်း ခေါက်ထားလိုက်။ သူများတွေကိုလည်း မဝေဖန်ရဘူးနော်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်မှ ဂရုစိုက်တတ်မှ ဘဝကို ရှေ့ဆက်ဖို့ ခွန်အားတွေ ရမှာပါနော်။

Share

Loading Next Article...
က္က