In partnership with  logo
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်တဲ့ အငယ်ဆုံးလူ ဖြစ်လာခဲ့ပါတယ်။

စတီဖင်ဟော့ကင်းနဲ့ အဲလ်ဘတ်အိုင်းစတိုင်းတို့လို ပါရမီရှင်တွေနဲ့ ခိုင်းနှိုင်းဖို့ဆိုတာ သာမာန်လူတစ်ယောက်အတွက်တော့ မလွယ်တဲ့ကိစ္စပါ။ Sabrina Gonzalez Pasterski ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုတော့ ဒုတိယအိုင်းစတိုင်းလို့တောင် ခေါ်ကြတယ်။

 

အသက် ၂၃ နှစ်သာ ရှိသေးတဲ့Paterski ဟာ သက်တူရွယ်တူတွေ လုပ်နိုင်တာထက် အဆပေါင်းများစွာ ထူးချွန်အောင်လုပ်ပြခဲ့ပြီးပါပြီ။ အသက် ၁၄ နှစ် အရွယ်မှာတည်းက အင်ဂျင်တစ်လုံးတပ် လေယာဉ်ကို ကိုယ်တိုင်ပြုလုပ်ခဲ့တယ်။ အဲ့ဒီလေယာဉ်ပျံနဲ့ Lake Michigan ပေါ်ကနေဖြတ်ပြီး ကိုယ်တိုင်ပျံသန်းခဲ့တယ်။ ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်တဲ့ အငယ်ဆုံးလူ ဖြစ်လာခဲ့ပါတယ်။

 

လေယာဉ်ကို ၂ နှစ် အချိန်ပေးပြီး တည်ဆောက်ခဲ့တယ်။ တည်ဆောက်ပုံကိုလည်း ရိုက်ကူးထားပြီး အတွေ့အကြုံကို YouTube မှာ တင်ခဲ့ပါတယ်။ MIT မှာ ၃ နှစ် တက်ပြီးတော့ အမြင့်ဆုံးအဆင့်နဲ့ အောင်ခဲ့တယ်။

 

ခုတော့ ဟားဗတ်တက္ကသိုလ်မှာ အမြင့်ဆုံးဘွဲ့ရဖို့ ပညာသင်ယူနေပါတယ်။ ခုတော့ လေယာဉ်တည်ဆောက်ရေးပိုင်းကို စိတ်မဝင်စားတော့ဘူး။ အာကာသနဲ့သက်ဆိုင်တာတွေ ရူပဗေဒကို လေ့လာနေပါတယ်။ သူလေ့လာထားသမျှတွေ၊ လက်တွေ့ပြုလုပ်ထားသမျှတွေကိုလည်း Physics Girl ဝက်ဘ်ဆိုက်ပေါ်မှာတင်ထားတာမို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Source : Indy100, Marie Claire

Share

Loading Next Article...
က္က