In partnership with  logo
တခြားမိန်းကလေးတွေနဲ့မတူဘဲ ကျားကျားလျားလျား ဖြစ်နေလို့၊ မပြင်မဆင်တတ်လို့ဆိုပြီး စိတ်ညစ်မနေနဲ့နော်။

ယောက်ျားလေး များတဲ့ မိသားစုထဲမှာ ကိုယ်တစ်ယောက်တည်း သမီးမိန်းကလေးဖြစ်နေတာ စိတ်ညစ်စရာတော့ မဟုတ်ပါဘူး။ အစ်ကိုတွေ မောင်တွေနဲ့ အတူတူ ကြီးပြင်းလာရတော့ သိပ်ပြီး မိန်းမ မဆန်ဘူးလေ။ တခြားမိန်းကလေးတွေနဲ့မတူဘဲ ကျားကျားလျားလျား ဖြစ်နေလို့၊ မပြင်မဆင်တတ်လို့ဆိုပြီး စိတ်ညစ်မနေနဲ့နော်။ အားသာချက်တွေက အများကြီး...

၁။ သူငယ်ချင်းတွေထက် ပိုသန်မာတယ်

29.jpg 

ယောက်ျားလေးတွေကြားထဲ ကြီးပြင်းလာရတော့ စိတ်ရောကိုယ်ပါ ကြံ့ခိုင် သန်မာတယ်။ ရွယ်တူ မိန်းကလေးသူငယ်ချင်းတွေနဲ့ မတူဘူး။ ကိုယ်က ကြံ့ခိုင်သန်မာတော့ ကိုယ့်ကို အားကိုးကြတယ်။ သြဇာညောင်းတယ်လေ။

၂။ အားကစားကိုပိုချစ်တယ်

31.jpg 

အစ်ကိုတွေ မောင်တွေနဲ့အတူ ကစားခဲ့ရတော့ အားကစားလည်း ဝါသနာပါတယ်။ သွက်သွက်လက်လက်လည်း ရှိတယ်။ အားကစားလုပ်ဖြစ်တော့ ကျန်းမာရေးပိုကောင်းတယ်လေ။ ကိုယ်လုံးကိုယ်ထည်လည်း ပိုလှတယ်။ အားကစားဝါသနာပါတဲ့ မိန်းကလေးတွေကိုလည်း ယောက်ျားလေးတွေက အရမ်းသဘောကျကြပါတယ်။

၃။ အဖေက ယောက်ျားလေးလိုဆုံးမတယ်

PAY-MAIN-XXXXXX.jpg 

ထစ်ခနဲဆိုရင် မငိုဖို့၊ ခွန်အားရှိဖို့ ၊ ကိုယ့်ကိုယ်ကိုယ်အားကိုးဖို့ပဲ အဖေက ဆုံးမတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့လည်း ကိုယ်က တခြားမိန်းကလေးတွေလို ပျော့ညံ့မနေဘူး။ စိတ်ဓာတ်သန်မာတယ်။ ဒါဟာ ဘဝကို သူများထက်ပိုပြီး ရင်ဆိုင်နိုင်စွမ်း ရှိစေတယ်လေ။

၄။ ပိုပျော်စရာကောင်းတယ်

1488968288676ac-original-1.jpg 

လူတိုင်းရဲ့ ကလေးဘဝဟာ အမှတ်တရတွေ ကိုယ်စီနဲ့ပါ။ ကိုယ့်အတွက်တော့ ယောက်ျားလေးတစ်ယောက်လို ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကလည်း အမှတ်တရပါပဲ။ အမှားတွေကို ရယ်မောပစ်နိုင်လာပြီး ကိုယ့်အနားကလူတွေ ရယ်မောသွားအောင်တောင် စွမ်းဆောင်နိုင်တဲ့ ဟာသဉာဏ်ကလေးက အလိုလိုရှင်သန်လာခဲ့တယ်လေ။ ဒီလိုလူမျိုးဟာ လူချစ်လူခင် ပေါပါတယ်။

Share

Loading Next Article...
က္က