In partnership with  logo
ကျား၊မ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရေးအတွက် အမျိုးသမီးဝါဒီတစ်ဦးရဲ့ ပါဝင်မှုပါ။

သရုပ်ဆောင် အမ်မာဝပ်ဆန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုခံခဲ့ရတဲ့ လူတွေဘက်ကနေ ရပ်တည်အားပေးတဲ့အနေနဲ့ ယူကေက အဖွဲ့အစည်းတစ်ခုကို ငွေကြေးလှူဒါန်းလိုက်ပါတယ်။ တရားမျှတမှုနဲ့ တန်းတူညီမျှရေးအတွက် အမ်မာဝပ်ဆန်က အမေရိကန်ဒေါ်လာ ၁.၄ သန်း လှူဒါန်းခဲ့တာပါ။ Justice and Equality Fund ကို အမ်မာဝပ်ဆန်က မတည်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

 

အဖွဲ့အစည်းရဲ့ GoFundMe စာမျက်နှာမှာ ဖော်ပြချက်အရ #metoo ၊ TIME'S UP ၊ Ni Nunca Mas ၊ the #lifeinleggings လှုပ်ရှားမှုနဲ့ အခြားလှုပ်ရှားမှုတွေရဲ့ ပါဝင်လှုပ်ရှားသူတွေဟာ ရံပုံငွေအသစ်တွေ ထပ်မံရှာဖွေပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါ်လာ ၂ သန်းကျော်လည်း ရံပုံငွေ ရရှိခဲ့ပြီးပါပြီ။ ရထားတဲ့ ရံပုံငွေတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ ကျူးလွန်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို စိန်ခေါ်ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဲ့လိုသုံးစွဲသွားရာမှာ လူမှုအသိုက်အဝန်းထဲက ကဏ္ဍအပိုင်းအခြားအားလုံးနဲ့ လုပ်ငန်းခွင်နယ်ပယ်အားလုံးက ကျူးလွန်စော်ကားခံခဲ့ရသူတွေအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။

 

အမျိုးသမီးဝါဒီတစ်ဦးလည်းဖြစ်တဲ့ အမ်မာဝပ်ဆန်က သူမရဲ့ ထင်မြင်ချက်ကိုလည်း တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ယူကေမှာ အမျိုးသမီးတွေ မဲပေးခွင့်စတင်ရခဲ့တဲ့အပေါ် အောင်ပွဲခံတာတွေ လုပ်နေပေမဲ့ ယနေ့ခေတ်မှာတောင် နိုင်ငံရေးဆိုင်ရာပြောခွင့်တွေကို ငြင်းပယ်ခံနေရတဲ့ အမျိုးသမီးတွေ ရှိနေတာကို မေ့ဖို့ကိုလည်း သတိပေးခဲ့တယ်။

 

ဗြိတိန်မှာ စတင်လိုက်တဲ့ Justice and Equality Fund ဟာ Time's Up နဲ့လည်း အတော်တူပါတယ်။ ရုပ်ရှင်နယ်ပယ်ထဲက အမျိုးသမီး ၂၀၀ ကျော်ထံက ရင်ဖွင့်စာတွေကို The Observer မှာ ဖော်ပြခဲ့ပြီးနောက် စတင်လိုက်တာ ဖြစ်ပါတယ်။ အမ်မာဝပ်ဆန်နဲ့အတူ ကီရာနိုက်တလေ၊ တွမ်ဟစ်ဒယ်လ်စတန်၊ နာအိုမီ ဟားရစ်တို့လို ဗြိတိန်သရုပ်ဆောင်တွေကလည်း ဒီလှုပ်ရှားမှုမှာ ရံပုံငွေထည့်ဝင်ခဲ့ကြပါသေးတယ်။

Source : Maire Claire

Share

Loading Next Article...
က္က