In partnership with  logo
ကမ္ဘာ့နိုင်ငံတွေ အားလုံးကို အမြန်ဆုံးနဲ့ ပထမဆုံးသွားရောက်လည်ပတ်ခဲ့သူအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

အမေရိကရဲ့ အရှေ့မြောက်အရပ်မှာရှိတဲ့ New England နိုင်ငံရဲ့ Connecticut မြို့လေးက အသက်၂၇ နှစ်အရွယ် Cassie De Pecol အမည်ရတဲ့ အမျိုးသမီး ခရီးသွားတစ်ဦးဟာ ဧက္ကရာဇ်တွေအုပ်ချုပ်တဲ့ ကမ္ဘာ့နိုင်ငံတွေ အားလုံးကို အမြန်ဆုံးနဲ့ ပထမဆုံးသွားရောက်လည်ပတ်ခဲ့သူအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ် ဇူလိုင်လမှာ သူမရဲ့ကမ္ဘာပတ် ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ၁၉၆ နိုင်ငံမြောက်အပြင် နောက်ဆုံးနိုင်ငံအဖြစ် အာရှအနောက်ပိုင်းမှာရှိတဲ့ အာရပ်နိုင်ငံ Yemen မြို့ကို ရောက်ရှိခဲ့ပြီး ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ သူမရဲ့ ကမ္ဘာပတ်တဲ့ ခရီးစဉ်တစ်ခုလုံးဟာ ၁၈ လနဲ့ ၂၆ ရက်ကြာမြင့်ခဲ့ပြီး ယခင်ရှိခဲ့တဲ့ စံချိန် ၃ နှစ် နဲ့ ၃ လကို ချိုးဖျက်ခဲ့တာကြောင့် မကြာခင်မှာ ဂင်းနက်စ်စာရင်းဝင်ဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြင်ဆင်နေပါတယ်။

 

De Pecol ဟာ သူမရဲ့ခရီးစဉ်ကို International Institute of Peace Through Tourism (IIPTT) ရဲ့ သံတမန်အနေနဲ့ လည်ပတ်ခဲ့တာဖြစ်ပြီး လည်ပတ်ခဲ့တဲ့ ခရီးစဉ်တလျှောက်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ မြို့ဝန်များ ၊ ဟော်တယ်နဲ့ခရီးသွားလာရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး Declaration of Peace စာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ သူမဟာ ခရီးစဉ်တလျှောက်မှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ကို ၅ ကြိမ် ပြောင်းလဲခဲ့ပြီး လေကြောင်းခရီး ၂၅၅ ခေါက် စီးနှင်းခဲ့ပါတယ်။

 

အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအနေနဲ့ တစ်ကိုယ်တော် ကမ္ဘာပတ်နိုင်ခဲ့တာ အံ့သြချီးကျူးစရာပါ။ သူမဟာ နိုင်ငံပေါင်း ၅၀ ကျော်မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ် သစ်ပင်တွေလည်း စိုက်ခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ ပျမ်းမျှ ၂ ရက်ကနေ ၅ ရက်အထိ အချိန်ယူနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : Time

Share

Loading Next Article...
က္က