In partnership with  logo
ဖက်ရှင်နယ်ပယ်ကို ဂုဏ်ပြုပေးချင်လို့ပါတဲ့

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် - ၂ ဟာ အင်္ဂါညက ပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုကို စတိုင်လ်မိမိ ဝတ်စားဆင်ယင်ပြီး တက်ရောက်လိုက်ပါတယ်။ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်က ရှိုးပွဲကို တက်ခဲ့တာပါ။ ဒါဟာ သူမအတွက် ပထမဆုံးအကြိမ်လည်းဖြစ်တာကြောင့် လူတွေက အံ့သြသွားကြတယ်။



 

ရှိုးပွဲကို ရှေ့ဆုံးမှာထိုင်ပြီး Vogue အယ်ဒီတာ Anna Wintoure နဲ့အတူ စကားတပြောပြောနဲ့ စိတ်ဝင်တစား ကြည့်ခဲ့ပါတယ်။ အသက် ၉၁ နှစ်အရွယ် ဘုရင်မကြီးအတွက်တော့ ဒီလိုဖက်ရှင်ရှိုးတွေ တက်တာက ပြုလုပ်နေကြအပြုအမူတော့မဟုတ်ဘူး။ အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်လာပြီး လက်ကိုင်အိတ်တစ်လုံးကိုပါ ကိုင်လာလို့ ဘုရင်မကြီးရဲ့ဖက်ရှင်ကျမှုဟာ ချီးကျူးစရာလည်းဖြစ်ခဲ့တယ်။

 

" (ဖက်ရှင်)လုပ်ငန်းကို ချီးကျုးဂုဏ်ပြုတဲ့အနေနဲ့ ၊ ဗြိတိန်ဖက်ရှင်လောကကို ထောက်ပံ့ပေးခဲ့သူအားလုံးကို ကျွန်မရဲ့ အမွေအနှစ်အနေနဲ့ပါ သစ်လွင်၊ ငယ်ရွယ်ပြီး အရည်အချင်းရှိသူကို ဒီဆုပေးချင်ပါတယ်" လို့ ဘုရင်မကြီးက ပြောပါတယ်။ ဒီဇိုင်နာ Richard Quinn ကို ဆုချီးမြှင့်ပေးခဲ့တာပါ။ Richard Quinn ဟာ ဗြိတိန်ဖက်ရှင်ဒီဇိုင်နာတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မြန်ဆန်ဆန် အောင်ငြမ်လာသူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကမှာ ကိုယ်ပိုင်ဖက်ရှင်တွေကို စထုတ်ခဲ့သူပါ။

 

ဘုရင်မကြီးဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်ပိတ်ပွဲနေ့မှာ ဆုတက်ရောက်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ Showroom တွေကိုလည်း လှည့်ပတ်ကြည့်ခဲ့သေးတယ်။ ဗြိတိန်တော်ဝင်မိသားစုဟာ ထိပ်တန်းဒီဇိုင်နာတွေနဲ့ ဂျာနယ်လစ်တွေကို ဖက်ရှင်ပွဲတွေ ဧည့်ခံကျင်းပပေးလေ့ရှိပေမဲ့ ဘုရင်မကြီးတစ်ယောက်တည်း တက်ရောက်တာကတော့ ထူးထူးခြားခြားအနေနဲ့ ပထမဆုံးဖြစ်လာပါတယ်။

Source : CNBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က