In partnership with  logo
" ကျွန်မသမီးလေး အိုလံပီယာကို မွေးပြီးတော့ သေတော့မလို့"

ကမ္ဘာ့ထိပ်တန်းတင်းနစ်မယ် ဆရီနာဝီလျှံဟာ ၂၀၁၇ ခုနှစ်ထဲမှာ သမီးလေး အိုလံပီယာကို မွေးဖွားခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ကျန်းမာခဲ့ပေမဲ့ သမီးလေးကိုတော့ အရေးပေါ် C-section နဲ့ မွေးခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ကလေးရဲ့နှလုံးခုန်နှုန်းက ကျလာတာကြောင့် ခုလိုမွေးခဲ့ရတယ်လို့ဆိုတယ်။

 

အိုလံပီယာကို မွေးခဲ့ရတဲ့ အတွေ့အကြုံဟာ သူ့ဘဝမှာ အံ့သြစရာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဆရီနာက ပြောပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီး ရက်ပိုင်းအတွင်းမှာ ရုတ်တရက်ဆိုသလို သူမရဲ့အခြေအနေက စောင့်ကြည့်နေရတဲ့အခြေအနေဖြစ်ခဲ့တယ်။ ဆရီနာရဲ့ကျန်းမာရေးက ရုတ်တရက်ဆိုးသွားတယ်။ အဆုတ်ထဲက သွေးကြောတွေမှာ သွေးခဲပြီးပိတ်သွားခဲ့တာပါ။ ဆရီနာမှာ အဲ့ဒီလိုအဖြစ်မျိုးဖြစ်ခဲ့ဖူးတယ်။

မီးဖွားပြီးမကြာခင် ကျန်းမာရေးဖောက်ပြန်လာတော့ ဆရီနာက ကြောက်နေခဲ့ရှာတယ်။ အသက်ရှုတာ ပုံမှန်မဟုတ်တိုင်း သူနာပြုတွေကို ချက်ချင်းလှမ်းခေါ်တော့တာပဲ။ အသက်ရှင်လာလို့ ကံကောင်းတာပါပဲလို့ ဆရီနာက ပြောပါတယ်။ ဆရာဝန်တွေက ခဲနေတဲ့ သွေးခဲကို ခွဲစိတ်ဖယ်ရှားပေးခဲ့တယ်။ မိခင်ဘဝရဲ့ ပထမဆုံးသီတင်းပတ် ၆ ပတ်ကို အိပ်ရာထဲမှာသာ ကုန်ဆုံးခဲ့ရပါတယ်။

 

C-section ဒဏ်ရာက ချောင်းဆိုးရင်း ပြန်ပွင့်သွားခဲ့တယ်။ ချောင်းက အဆက်မပြတ်ဆိုးတော့ စစ်ကြည့်လိုက်တဲ့အခါ အဆုတ်ထဲမှာသွေးခဲနေတာကို သိလိုက်ရတာပါ။ နောက်တစ်ကျော့ ပြန်ခွဲစိတ်ခဲ့ရတယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ တစ်ဆက်တည်းမှာပဲ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေဟာ မီးဖွားနေရင်း ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေကာ သူမလို ဂရုစိုက်ကုသမှု မခံရကြောင်းကိုပါ သတိပေးထားတယ်။ ဆေးဝါး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း၊ ဆရာဝန်တွေမရှိလို့ အသက်တွေဆုံးရှုံးနေရတယ်။

UNICEF က ထုတ်ပြန်ချက်အရ နေ့စဉ် ကလေး ၂၆၀၀ နီးပါးဟာ မွေးဖွားလာတဲ့နေ့မှာတင် သေဆုံးနေကြရပါတယ်။ နှစ်စဉ် မွေးကင်းစကလေး ၂.၆ သန်းဟာလည်း သေဆုံးနေတယ်လို့ သိရတယ်။ အဲ့ဒီအတွက် မိခင်တွေကိုရော ကလေးတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ အမျိုးသမီးတွေရဲ့ဘဝကို ကူညီဖို့ ဆရီနာဝီလျှံက CNN မှာ ရေးသားထားပါတယ်။ အဲ့လိုကူညီချင်တယ်ဆိုရင်လည်း UNICEF မှာ လှူဒါန်းနိုင်ပါတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

Source : CNN

Share

Loading Next Article...
က္က