In partnership with  logo
ဘဝမှာ အဆင်မပြေစရာတွေရှိလာတိုင်း လက်မလျှော့ဖို့ သူတို့က သင်ခန်းစာပေးသွားတယ်။

တောင်ကိုရီးယားနိုင်ငံ ပြုံခြမ်းမြို့မှာ ပြုလုပ်နေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်က သတင်းတွေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အခုလည်း ဂျမေကာနိုင်ငံက အမျိုးသမီးအားကစားသမားတွေရဲ့သတင်းဟာ အင်တာနက်ကို လွှမ်းမိုးသွားပြန်တယ်။ ဂျမေကာသူတွေဟာ bobsled အားကစားနည်းမှာ ဝင်ရောက်ယှဉ်ပြိုင်လိုက်ခြင်းက အိုလံပစ်သမိုင်းတစ်လျှောက် ပထမဆုံးပါပဲ။



 

ဂျမေကာနိုင်ငံမှာ ထင်ရှားတဲ့အရာတွေ အများကြီးရှိတယ်။ နေ၊ သဲတွေ၊ ပြာလဲ့တဲ့ရေတွေ စသဖြင့် ရှိပေမဲ့ ဂျမေကာမှာ နှင်းမကျပါဘူး။ ဒါပေမဲ့ ဆောင်းရာသီအိုလံပစ်ကို လာရောက်ယှဉ်ပြိုင်ပြီး နှင်းထဲမှာကစားရတဲ့ bobsled ကစားနည်းကို ဂျမေကာ အားကစားမယ်တွေက ဝင်ရောက်ယှဉ်ပြိုင်လိုက်တဲ့အခါ အံ့အားသင့် ချီးကျုးစရာဖြစ်လာပါတယ်။

 

Bobsled အားကစားနည်းကို ဂျမေကာအမျိုးသားတွေတောင် လွန်ခဲ့တဲ့ နှစ် ၃၀ ကမှ စတင်ပါဝင်ခဲ့ကြတာပါ။ Bobsled ကစားနည်းဟာ လေးယောက်အတူယှဉ်ပြိုင်ရတဲ့နှင်းလွှာလျှောစီးဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီအိုလံပစ်မှာတော့ ပိုင်းလော့ Jazmine Fenlator-Victorian နဲ့ Carrie Russell တို့ဟာ ဂျမေကာကိုယ်စားပြု Bobsleding ကို အိုလံပစ်မှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာလည်းဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပြီးတဲ့နောက်မှာ သူတို့တွေဟာ အဆင့် ၁၉ နေရာက ရပ်တည်ခဲ့ပါတယ်။

 

ဂျမေကာရဲ့ bobsled အမျိုးသမီးအားကစားအဖွဲ့ဟာ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့ ကမ္ဘာကို အားကျအတုယူစရာဖြစ်စေခဲ့တယ်။ ပြိုင်ပွဲမဝင်ခင် နှစ်ပတ်အလိုမှာ နည်းပြက sled ကို ယူပြီး အသင်းကနေ ထွက်သွားခဲ့တယ်။ ကစားသမားကလည်း နှစ်ယောက်တည်း။ သူတို့ပြိုင်ပွဲဝင်ဖို့အတွက် sled ကလည်း မရှိဘူး။ နောက်မှ ဘီယာကုမ္ပဏီတစ်ခုက စပွန်ဆာပေးလိုက်လို့ ဝင်ပြိုင်နိုင်ခဲ့တာ။ အသင်းက ဖရိုဖရဲတွေဖြစ်နေတဲ့ကြားကပဲ အားကစားစိတ်အပြည့်နဲ့ ဝင်ပြိုင်ခဲ့တဲ့အတွက် ဂျမေကာသူတွေကို အင်တာနက်ပေါ်မှာ ချီးကျုးနေကြပါတယ်။

Source : Time


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က