In partnership with  logo
အသက် ၂၄ နှစ်သာ ရှိသေးပေမဲ့ တိုက်လေယာဉ်ကို တစ်ကိုယ်တော်ပျံသန်းခဲ့သူပါ။

အမျိုးသမီးတွေအပေါ် ဓလေ့ထုံးတမ်းတွေနဲ့ တားမြစ်မှုတွေများပြားတဲ့ အိန္ဒိယနိုင်ငံမှာ Avani Chaturvedi ဟာ တိုက်လေယာဉ်ကို မောင်းနှင်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။ သူမရဲ့အသက်က ၂၄ နှစ်သာ ရှိပါသေးတယ်။ အိန္ဒိယသမိုင်းမှာရော အမျိုးသမီးတွေရဲ့သမိုင်းမှာပါ မှတ်တမ်းဝင်သူတစ်ဦး ဖြစ်ပါလာတယ်။


 

Avani ဟာ ယခုသီတင်းပတ်အစောပိုင်းက MiG-21 Bison တိုက်လေယာဉ်ကို မိနစ် ၃၀ ကြာ ပျံသန်းခဲ့တယ်လို့ အိန္ဒိယလေတပ်က အတည်ပြုပါတယ်။ တနင်္လာညနေပိုင်းက Jamnagar လေတပ်အခြေစိုက်စခန်းမှာ တစ်ကိုယ်တော် ပျံသန်းခဲ့တာပါ။ အိန္ဒိယလေတပ်ဟာ အမျိုးသမီးအရာရှိတွေကို တန်းတူညီမျှတဲ့တာဝန်ပေးအပ်ဖို့ ဦးဆောင်လေ့ရှိပါတယ်။ Madhya Pradesh က Deolond ဆိုတဲ့ မြို့ငယ်လေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ Avani ဟာ အိန္ဒိယသူတစ်ဦးအနေနဲ့ တိုက်လေယာဉ်မောင်းနှင်နိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခြင်းက တကယ်ကို ချီးကျူးစရာကောင်းပါတယ်။

 

တယောတီးရတာကြိုက်ပြီး ပန်းချီဆွဲရတာ ဝါသနာပါတဲ့ Avani ဟာ သမိုင်းဝင်အမျိုးသမီးတစ်ဦး ဖြစ်လာပါတယ်။ Avani နဲ့အတူ နောက်ထပ် အမျိုးသမီးပိုင်းလော့နှစ်ဦးကို အိန္ဒိယလေတပ်က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်နှစ်ကျော်လေ့ကျင့်ပြီးရင်တော့ Avani က တိုက်ပွဲတွေမှာ ဝင်ရောက်ရတော့မှာဖြစ်ပါတယ်။

 

" ဘယ်လေတပ်မဆို သူ့ရဲ့ တိုက်လေယာဉ်မှူးတွေနဲ့ပဲ အဓိပ္ပာယ်သတ်မှတ်ရတာ။ ကျွန်မရဲ့အိပ်မက်ကတော့ တကယ်တော်တဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ဖြစ်လာဖို့ပါပဲ။ အကောင်းတကာအကောင်းဆုံး တိုက်လေယာဉ်နဲ့ ပျံသန်းချင်တယ်။ ပြီးတော့ နေ့စဉ်နေ့တိုင်းပဲ ပိုပိုပြီး သင်ယူနေပါဦးမယ်" လို့ Avani က ဆိုပါတယ်။

Source : TOI, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က