In partnership with  logo
အာကာသပိုင်းဆိုင်ရာ ပညာရှင်တွေထဲမှာ ဂန္ထဝင်အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ဘဝမှာ လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို့ အသက်အရွယ်၊ လိင်ခွဲခြားမှုတွေထက် စိတ်အားထက်သန်မှုက အဓိကပဲဆိုတာကို Peggy Whitson က သက်သေပြနေပါတယ်။ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ ပက်ဂီက ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းဝင် အသက်ကြီးဆုံး အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်ပါတယ်။

 

သိပ္ပံပညာကို စိတ်ဝင်စားခဲ့သူဖြစ်ပြီး NASA (အမေရိကန် အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့) မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ နာဆာရဲ့ ဝါရင့်ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး အာကာသယာဉ်မှူးအဖြစ် မှတ်တမ်းဝင်ချိန်မှာတော့ သူမရဲ့အသက်က ၅၆ နှစ်နဲ့ ၂၈၂ ရက် ရှိပါပြီ။

 

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ပက်ဂီဟာ Soyuz MS-03 အာကာသယာဉ်ကို အခြား ဝန်ထမ်းနှစ်ဦးနဲ့အတူ  ကာဇက်စတန်ရှိ Baikonur Cosmodrome မှ နိုင်ငံတကာအာကာသစခန်းကို ဦးတည်မောင်းနှင်ခဲ့ပါတယ်။ ပက်ဂီတို့အဖွဲ့ဟာ Lift off လုပ်ပြီး ၈ မိနစ်အကြာမှာပဲ orbit ထဲကို ရောက်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၇ ခုနှစ် မေလအထိ အာကာသထဲမှာ နေခဲ့ကာ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

ပက်ဂီဟာ အမေရိကန်သူတစ်ဦးဖြစ်ပြီး ဇီဝဓာတုသုတေသီတစ်ဦးဖြစ်သလို နာဆာရဲ့ အာကာသယာဉ်မှူးဖြစ်ပါတယ်။ နာဆာရဲ့ အာကာသယာဉ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အာကာသထဲကို စတင်သွားရောက်ခဲ့ပြီး နာဆာမှာ တာဝန်ထမ်းဆောင်စဉ်အတွင်း  အာကာသ ခရီးစဉ်စုစုပေါင်း ကြာမြင့်ချိန် ၆၆၅ ရက် ၂၂ နာရီ ၂၂ မိနစ် ရှိခဲ့ပါတယ်။ အာကာသပိုင်းဆိုင်ရာမှာ ထင်ရှားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Source : GWR


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က