In partnership with  logo
အသက် ၁၇ နှစ် အရွယ် ကျောင်းသူလေးတစ်ဦးရဲ့ ထက်သန်တဲ့စိတ်ဓာတ်က အားလုံးလေးစားအားကျစရာဖြစ်လာတယ်။

Emma González ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဖေဖော်ဝါရီလကစပြီး ကမ္ဘာ့သတင်းစာမျက်နှာတွေထက်မှာ နေရာယူလာတယ်။ အမေရိကန် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး နိုင်ငံတွင်းမှာ သေနတ်ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ပြဌာန်းဖို့ တက်ကြွလှုပ်ရှားနေသူ ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်က Marjory Stoneman Douglas ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ဦးပါ။



 

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ Emma González တက်နေတဲ့ကျောင်းကို လူတစ်ယောက်က ရိုင်ဖယ်နဲ့ဝင်ရောက်ပစ်ခတ်လို့ ကျောင်းသူ၊ကျောင်းသား ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ လူငယ်တွေဟာ အမေရိကရဲ့ သေနတ်နဲ့ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုလာကြပါတယ်။ Emma González ကတော့ တက်ကြွလှုပ်ရှားသူအနက် ခေါင်းဆောင်သူတစ်ဦးဖြစ်လာခဲ့ပြီး သူမကို လူသိများလာတော့တာပါ။

 

သေနတ်ထိန်းချူပ်ရေးအတွက် တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသူလေး Emma González  ဟာ ရက်ပိုင်းအတွင်းက လူမှုကွန်ရက် တွစ်တာကို စတင်အသုံးပြုလိုက်ပါတယ်။ လူမှုကွန်ရက်ပေါ်ကနေလည်း အမေရိကရဲ့ သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆိုရေးသားနေခဲ့တာပါ။ သူမရဲ့ တွစ်တာအကောင့်ကို ချက်ချင်းဆိုသလို လူသိများလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုရိုင်ဖယ်အဖွဲ့အစည်း (National Rifle Association) ထက်တောင် follower များသွားပါတယ်။

 

Emma González နဲ့ သူငယ်ချင်းတွေဟာ သူတို့ရဲ့ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒပြတောင်းဆိုလာကြပါတယ်။ အမေရိကမှာ သေနတ်ဝယ်ယူခွင့်ဟာ လွယ်လင့်တကူ ရရှိနေတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၄ ရက် ကျရင်တော့ Emma González  ဦးဆောင်တဲ့ လူငယ်တွေနဲ့ ပြည်သူလူထုတွေဟာ #MarchforOurLives ဆိုတဲ့ ခေါင်းစဉ်နဲ့ ချီတက်ဆန္ဒပြကြတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ဆယ်လီတွေအပါအဝင် လူတွေက ငွေကြေးနဲ့ အခြားအထောက်အပံ့တွေ ပေးအပ်ထားပြီးကြပါပြီ။

Source : Refinery29


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က