In partnership with  logo
ကိုယ့်နှလုံးသားနဲ့ စိတ်ဝိဉာဉ်က ကိုယ့်အလုပ်ပေါ်မှာရှိနေပြီ အလုပ်လည်း ပိုကြိုးစားလာလိမ့်မယ်

အမေရိကန်က အကိတ်ဆယ်လီကြီး ကင်မ်ကာဒါရှီယန်ဟာ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်းဖြစ်တယ်။ Keeping Up With The Kardishians ရုပ်သံအစီအစဉ်ရယ် KKW အလှကုန်တွေကနေ အဓိက ဝင်ငွေတွေ ရရှိနေတာပါ။ ခုဆို သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၂၀၀ ရှိသွားပါပြီ။

 

အသက် ၃၇ နှစ်အရွယ် ကင်မ်က သူမအနေနဲ့ ခုလိုအောင်မြင်နေရခြင်းရဲ့ လျှို့ဝှက်ချက်ကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကနေ ပြောပြခဲ့ပါတယ်။ Vogue India မဂ္ဂဇင်းအတွက် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ တင်ထားခဲ့တာပါ။ အောင်မြင်မှုအတွက် နည်းလမ်းတော့ မရှိပါဘူးလို့ဆိုတယ်။ ဒါပေမဲ့ သူမရဲ့ အိပ်မက်တွေဖြစ်လာဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်တဲ့အခါမှာတော့ ဒီလို စည်းမျဉ်းတွေကို တွေ့ခဲ့တယ်လို့ ရေးသားထားတယ်။

 

" နောက်ကျတဲ့အတွက် ခွင့်လွှတ်စရာအကြောင်းမရှိဘူး၊ မလာတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်လုပ်ရမယ့်အလုပ် မပြီးတာပဲဖြစ်ဖြစ်ရောပဲ... တစ်ခုခုလုပ်ရတော့မယ်ဆိုရင် အချိန်မီပြီးဖို့နဲ့ လေးစားသမှုရှိဖို့ လိုအပ်ပါတယ်" လို့ အကြံပေးထားတယ်။

 

ကိုယ်တကယ် စိတ်ပါဝင်စားတဲ့ passionate ဖြစ်တဲ့အရာကို ရှာတွေ့ပြီဆိုရင် အဲ့ဒီအရာကို ကိုယ့်အလုပ်ဖြစ်လာစေမယ့်နည်းကို ရှာဖွေဖော်ထုတ်ပါ။ ကိုယ့်နှလုံးသားနဲ့ စိတ်ဝိဉာဉ်က ကိုယ့်အလုပ်ပေါ်မှာရှိနေပြီ အလုပ်လည်း ပိုကြိုးစားလာလိမ့်မယ်လို့ မှတ်ချက်ပေးထားသေးတယ်။ ပြီးတော့ အမှားကျူးလွန်မိရင် ဝန်ခံဖို့နဲ့ သူများကို အပြစ်မတင်ဘဲ ရှေ့ဆက်ပါလို့လည်း ကင်မ်က အကြံပေးထားပါသေးတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာ သူမကို အောင်မြင်စေတဲ့အရာပါလို့လည်း ပြောပြခဲ့ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က