In partnership with  logo
ဈေးကွက်လုတယ်လို့ထင်တဲ့အတွက် အမျိုးသားယာဉ်မောင်းအချို့က သူမကို သိပ်မမြင်မကြည်ကြဘူး။

ခင်ပွန်းဆုံးပါးသွားပြီးနောက် မိသားစုကို ထောက်ပံဖို့အတွက် မမိမိပြုံးဟာ တက္ကစီမောင်းသမားဘဝကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်းသစ်စက်ရုံမှာ အလုပ်လုပ်ခဲ့ပြီး တခြားအလုပ်လည်း မလုပ်တတ်တာကြောင့် ကလေးတွေကို စောင့်ရှောက်ဖို့အတွက် တက္ကစီမောင်းဖို့ ဆုံးဖြတ်လိုက်ရသူပါ။ ခုဆို တက္ကစီမောင်းလာတာ ၆ နှစ်နီးပါး ရှိပြီလို့ သူမက ပြောပါတယ်။

 

"အစကတော့ အမျိုးသမီးတက္ကစီယာဉ်မောင်းဆိုလို့ ကျွန်မ တစ်ယောက်ပဲရှိပြီး ကျန်တာတွေက အမျိုးသားတွေချည်းလိုလို ဆိုတော့ ကျွန်မ အမြဲအထင်သေးခံခဲ့ရတယ်။ တချို့က ကျွန်မ တက္ကစီမောင်းတာကို မနှစ်မြို့ဘူး။ တချို့ကတော့ ဒါက ဝင်ငွေရဖို့အလုပ်လုပ်တာပဲဆိုပြီး ကူညီပေးကြပါတယ်။ ဒါပေမယ့် ကျွန်မ ကားမောင်းကြသူများအဖွဲ့ထဲဝင်လိုက်တဲ့အတွက် ကျွန်မကို ကူညီပေးမယ့်အဖွဲ့တစ်ခုရလိုက်ပါတယ်။ သူတို့က ကျွန်မကိုကူညီကြသလို အားအင်တွေလည်းပေးပါတယ်။ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် အမြဲကူညီကြပါတယ်။ အခုဆိုရင် ကျွန်မမှာ Uber အသိုက်အဝန်းလေးတစ်ခုရှိနေပြီဖြစ်ပါတယ်။ " လို့ မမိမိပြုံးက ပြောတယ်။ သူမက Uber ယာဉ်မောင်းအနေနဲ့လုပ်ကိုင်နေတာ တစ်နှစ်ကျော်ပါပြီ။

သူမရဲ့ကားကို ငှားရမ်းစီးနင်းဖူးသူ ၁၀ ဦးမှာ ၉ ဦးက သူမကို သဘောကျကြတယ်လို့လည်း မမိမိပြုံးကဆိုတယ်။ တချို့ဆိုရင် သူမကိုကြည့်ပြီး ရုံးအလုပ်ကနေထွက်၊ တက္ကစီယာဉ်မောင်းလုပ်ချင်တယ်လို့တောင် ပြောကြတယ်။ အမျိုးသားတွေအဓိကလုပ်ကြတဲ့ တက္ကစီယာဉ်မောင်းလောကကို ဝင်ရောက်ထားတဲ့ မမိမိပြုံးကိုတော့ အချို့သောအမျိုးသားယာဉ်မောင်းတွေက အမြင်မကြည်ကြဘူးလို့ မမိမိပြုံးက သူမရဲ့ခံစားချက်ကို ပြောပြပါတယ်။

 

" ကျွန်မက ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို လုပ်ရဲကိုင်ရဲလည်းရှိပါတယ်။ ရန်ကုန်မှာ အခုဆိုရင် အမျိုးသမီးယာဉ်မောင်းတွေ အများကြီးပဲရှိနေပါပြီ။ ကျွန်မက ကားမောင်းကြသူများအဖွဲ့မှာ ဝင်ထားတော့ အမျိုးသမီးယာဉ်မောင်း တော်တော်များများ ကို အဖွဲ့ထဲမှာတွေ့ရပါတယ်။ သူတို့တွေက တခြားတက္ကစီအငှားဝန်ဆောင်မှုအက်ပလီကေးရှင်းတွေကိုလည်း သုံးကြပါ တယ်။ သူတို့က ကျွန်မလိုပါပဲ၊ ကားမောင်းရတာ သဘောကျပြီး၊ တက္ကစီမောင်းပြီး ဝင်ငွေရှာနေကြတာဖြစ်ပါတယ်။ " လို့ မမိမိပြုံးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။

အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ကူညီပေးသင့်တယ်လို့လည်း သူမရဲ့ ထင်မြင်ချက်ကို ပြောပြပါတယ်။ ဒါ့အပြင် Uber ယာဉ်မောင်းမိတ်ဆွေတစ်ဦးအနေဲ့လည်း ဒီနယ်ပယ်ထဲမှာ လုပ်ကိုင်ချင်သူတွေကို အပြန်အလှန် အကူညီပေးသွားပါ့မယ်လို့လည်း ကတိပေးထားပါတယ်။

Share

Loading Next Article...
က္က