In partnership with  logo
အမျိုးသမီးတွေရဲ့ဘဝ တိုးတက်လာဖို့ဆိုရင် အမျိုးသမီးအချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီနေဖို့ အရေးကြီးတာပေါ့။

နေ့စဉ်ဘဝမှာ အမျိုးသမီးတွေဟာ တန်းတူညီမျှ ဆက်ဆံခံရမှုနဲ့ ဝေးနေရပါတယ်။ ခွဲခြားဖိနှိပ်ခံရမှုတွေ၊ စော်ကားနှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာ အများကြီးပါပဲ။ အဲ့ဒီအတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်တာတွေ ရှိပါတယ်။

၁။ ကိုယ့်ဆန္ဒကိုထုတ်ဖော်ပါ

ကိုယ့်ရဲ့မိသားစုကိုရော သူငယ်ချင်းတွေကိုရော ဒါမှမဟုတ် အမျိုးသမီးအရေးဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကိုဖြစ်ဖြစ် ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားပါ။ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့ ကျား၊မ တန်းတူညီမျှရေးဟာ များများလှုံ့ဆော်ပြောကြားကြမှ အတားအဆီးတွေကိုဖြတ်ကျော်နိုင်မှာပါ။ Jaha Dukureh ဟာ UN Women ရဲ့ ဒေသဆိုင်ရာနှလုံးလှသံတမန်ဖြစ်ပါတယ်။ အာဖရိကမှာရှိတဲ့ အမျိုးသမီးတွေလိင်အင်္ဂါဖြတ်တောက်ခံရမှုနဲ့ သက်ငယ်ထိမ်းမြားမှုတွေကို ဆန့်ကျင်တားမြစ်နေတဲ့ တက်ကြွလှုပ်ရှားသူပါ။

၂။ အချင်းချင်းကူညီထောက်ပံ့ပါ

အမျိုးသမီးတွေရဲ့ဘဝ တိုးတက်လာဖို့ဆိုရင် အမျိုးသမီးအချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီနေဖို့ အရေးကြီးတာပေါ့။ အမျိုးသမီးတွေဟာ တစ်ယောက်ကိုတစ်ယောက် ကူညီနေမယ်၊ ရိုင်းပင်း စည်းလုံးနေမယ်ဆိုရင် ဒီအသိုက်အဝန်းဟာ ပိုကောင်းလာဖို့ပဲရှိပါတယ်။

၃။ ကိုယ်တိုင်ပါဝင်ပါ

အမျိုးသမီးတွေရဲ့ဘဝတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် အမျိုးသမီးတွေမှာ အာဏာနဲ့လုပ်ပိုင်တွေရဖို့ကို ကိုယ်တိုင်ပါဝင်နိုင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်နိုင်အောင် ဝင်ရောက်အရွေးခံသင့်ပါတယ်။

၄။ မျိုးဆက်သစ်တွေကို ပညာပေးပါ

ကမ္ဘာတစ်ဝန်းက ငယ်ရွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ကျား၊မ တန်းတူညီမျှရေးအတွက် ကြိုးစားနေကြပါပြီ။ လူငယ်ဦးဆောင်သူတွေကို empower ဖြစ်အောင် လုပ်ပေးခြင်း၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပညာပေးခြင်းတွေဟာ အနာဂတ်ပိုကောင်းလာဖို့ နည်းလမ်းတစ်ခုပါ။

၅။ ကိုယ့်ရဲ့အခွင့်အရေးကိုကိုယ်တိုင်သိပါစေ

အမျိုးသမီးဆိုတာလည်း လူပဲ။ မိန်းကလေးအဖြစ်နဲ့ မွေးဖွားလာရတာ ဘာမှ ရှက်ရွံ့သိမ်ငယ်စရာမလိုဘူး။ ကိုယ့်မှာလည်း လူသားတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေဖို့လိုတာကို ကိုယ်တိုင်လက်ခံရပါမယ်။ ကိုလံဘီယာက တက်ကြွလှုပ်ရှားသူ Charo Mina-Rojas ဆိုရင် သူမရဲ့နိုင်ငံတွင်းက မိန်းကလေးတွေအတွက် ကြိုးပမ်းနေသူပါ။ အောက်ခြေလူတန်းစားတွေကို ပညာသင်ကြားပေးမှုတွေ အဆက်မပြတ်လုပ်နေပါတယ်။

Source : UN Women

Share

Loading Next Article...
က္က