In partnership with  logo
မိန်းကလေးအချင်းချင်း မနာလို ဝန်တိုတာတွေက စိတ်ပျက်စရာကောင်းတဲ့ကိစ္စတွေလို့မြင်တယ်။

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ဖေ့စ်ဘုတ်ရဲ့ ဒုက္ကဌ နစ်ကိုလာ မန်ဒဲလ်ဆွန်းတို့ဟာ live လွှင့်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ဗစ်တိုးရီးယားရဲ့ အောင်မြင်မှု၊ စိတ်အားထက်သန်မှုနဲ့ အားကျအတုယူမှုတွေအကြောင်းကို ပြောခဲ့ကြတာပါ။ အဲ့ဒီမှာ ဗစ်တိုးရီးယားက ငယ်ရွယ်တဲ့ မိန်းကလေးတွေကို အကြံဉာဏ်တွေ ပေးခဲ့ပါတယ်။



 

မိန်းကလေးတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြင်နာနေဖို့ လိုပါတယ်လို့ ဗစ်တိုးရီးယားကပြောတယ်။ သူ့ရဲ့အတိတ်နဲ့ပတ်သက်ပြီး မကောင်းတဲ့အရာတွေကို ရေးသားခဲ့မှုတွေဟာ အခြားအမျိုးသမီးတွေမှာပါ ပျံ့နှံ့သွားတာမို့ အဲ့ဒီလိုအရာတွေရပ်တန့်ဖို့လိုတယ်လို့ ဗစ်တိုးရီးယားက ဆိုတယ်။

 

" အလုပ်ကြိုးစားပါ၊ ရည်မွန်ပါ၊ ကြင်နာပါ ... အဲ့တာတွေက လူတွေအားလုံး အသုံးပြုသင့်တဲ့ အခြေခံအချက်တွေပါပဲ" လို့ ပြောပါတယ်။ အလုပ်ကိုအာရုံစိုက်ရမှာဖြစ်သလို ပျော်ရွှင်အောင်နေတတ်ဖို့ကလည်း အရေးကြီးကြောင်း အကြံပေးပါတယ်။

မိန်းကလေးတွေအနေနဲ့ အချင်းချင်း ကူညီအားပေးဖို့၊ အခြားသော အမျိုးသမီးတွေကိုလည်း သဘောကျနှစ်သက်တတ်တဲ့ မိန်းကလေးမျိုး ဖြစ်နေဖို့ကိုလည်း ဗစ်တိုးရီးယားက တိုက်တွန်းတယ်။ အမျိုးသမီးတွေဟာ အချင်းချင်း မနာလိုမှုတွေ ရှိနေတာကို သူက ထောက်ပြခဲ့တာပါ။ စိတ်ပျက်စရာကောင်းတဲ့ အဲ့ဒီကိစ္စကို ပြောင်းလဲကြရအောင်ပါလို့လည်း တိုက်တွန်းခဲ့တယ်။ ဒါကလည်း အပြောင်းအလဲတစ်ခုပါပဲတဲ့လေ။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က