In partnership with  logo
ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေ အချင်းချင်း ပိုတွေ့ဆုံ ရင်းနှီးလာအောင် ရည်ရွယ်တယ်။

Wonder Woman ရုပ်ရှင်ကားထဲက Themyscira ဆိုတာ အမျိုးသမီးတွေချည်းပဲ နေထိုင်တဲ့ အရမ်းလှတဲ့ကျွန်းပေါ့။ ဒီလိုကျွန်းလေးကို အလည်သွားချင်ရင် ဖင်လန်နိုင်မှာ ရှိပါတယ်။ ယောကျာ်းတွေကို လာခွင့်မပြုဘဲ အမျိုးသမီးတွေချည်းပဲ အနားယူအပန်းဖြေနိုင်တဲ့ကျွန်းလေးပါ။

 

SuperShe Island လို့ အမည်ပေးထားတဲ့ ကျွန်းကို Kristina Roth က ဖန်တီးခဲ့တာဖြစ်ပါတယ်။ Roth ပြောတာကတော့ လူမှုအသိုင်းအဝိုင်းထဲက ဖိအားတွေရဲ့အဝေးကို သွားရောက်လည်ပတ်ချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရတယ်လို့ဆိုတယ်။ ပြီးတော့ အမျိုးသမီးအားလုံးရဲ့စွမ်းအားတွေကို လက်ခံဖို့အတွက်ပါတဲ့။

 

ဇိမ်ခံ cabin တစ်ခုမှာ လူ ၁၀ ဦး အိပ်စက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် လှုပ်ရှားမှုတွေ အတူပြုလုပ်ရင်း အမျိုးသမီးချင်း ရင်းနှီးလာစေဖို့လည်း ရည်ရွယ်ထားတယ်။ SuperShe ကျွန်းကို ဖန်တီးတဲ့ Roth ကိုယ်တိုင်က supershe ဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူဖြစ်ပြီး အမျိုးသမီးတွေအချင်းချင်း မိတ်ဆွေဖွဲ့ဖို့၊ အချင်းချင်း အားပေးဖို့နဲ့ ဆက်သွယ်နိုင်ဖို့အတွက် လုပ်ဆောင်နေသူပါ။

 

Roth ဟာ ဒီကျွန်းကို ဝယ်ယူပြီး အမျိုးသမီးတွေ သီးသန့် အပန်းဖြေနိုင်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျွန်းကို ဘယ်လိုအမျိုးသမီးမဆို လာရောက်ခွင့်ပြုထားပြီး LGBT အသိုက်အဝန်းထဲက အမျိုးသမီးတွေကိုပါ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အမျိုးသမီးတွေ အေးအေးဆေးဆေး chill လုပ်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာပါ။ လောလောဆယ်တော့ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ ဇူလိုင်လကျရင်တော့ officially စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

 

Source : CNN

Share

Loading Next Article...
က္က