In partnership with  logo
အပြောင်းအလဲတွေကို စတင်ဖို့အတွက် သေးသေးလေးတွေကစပြီး ပြောင်းလဲရမယ်။

အမျိုးသမီးတွေရဲ့ဘဝတွေ ပိုမိုတိုးတက်လာမှ ကမ္ဘာကြီးကလည်း ပိုကောင်းလာမှာပါ။ ကျား၊မ ခွဲခြားမှုတွေမရှိဘဲ လူ့အခွင့်အရေး အပြည့်အဝရဖို့ကလည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေ ပိုမိုကြံ့ခိုင်လာအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် လက်တွေ့ကျကျ ကူညီနိုင်မယ့်အရာတွေ ရှိပါတယ်။

၁။ အခြားမိန်းကလေးတွေကိုသင်ပြကူညီပါ

reigning-it.jpg 

ကိုယ့်ရဲ့ဘဝမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အခက်အခဲဖြတ်သန်းခဲ့ပုံတွေကို အချင်းချင်း မျှဝေလို့ရတာပဲ။ ကိုယ့်တုန်းက ဘယ်လိုကြုံခဲ့လို့ ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာကို အငယ်တွေကို ပြန်ပြီးပြောပြတာလည်း ကူညီရာရောက်ပါတယ်။

၂။ အလုပ်ထဲကလိင်ခွဲခြားဆက်ဆံမှုကိုထုတ်ပြောပါ

လိင်ခွဲခြားဆက်ဆံမှုတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အနည်းနဲ့အများဆိုသလို ရှိနေပြီဆိုရင် ထုတ်ဖော်ပါ။ အဲ့ဒီ့သေးသေးလေးတွေကနေ ပိုကြီးမားလာနိုင်တယ်လေ။ အပြောင်းအလဲတွေကို စတင်ဖို့အတွက် မှားယွင်းနေတဲ့ သေးသေးလေးတွေကစပြီး ဆန့်ကျင်ပြောင်းလဲရမယ်။

၃။ အချင်းချင်းမျှဝေရမယ်

16.jpg 

ကိုယ်ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို အခြားမိန်းကလေးတွေသိအောင် ပြောပြပါ။ သူတို့အနေနဲ့ ရှောင်ကြဉ်လို့ရမယ်၊ ကြိုတင်ပြင်ဆင်လို့ရသွားမယ်။ သူများတွေ ပြောလာတာကိုလည်း နားထောင်အကြံပေးလို့ရပါသေးတယ်။

၄။ အမျိုးသမီးတွေရဲ့စီးပွားရေးလုပ်ငန်းငယ်လေးတွေကိုအားပေးပါ

28872125_755772507950326_6026224993329741824_o.jpg 

စီးပွားရေးနယ်ပယ်ထဲကို ဝင်ရောက်လာတဲ့ အမျိုးသမီးတွေကို အားပေးသင့်ပါတယ်။ လုပ်ငန်းငယ်လေးတွေကို စတင်ရင်းနှီးမြှုပ်နှံတဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ ရှိပါတယ်။ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေကို အားပေးခြင်းဟာ အမျိုးသမီးတွေရဲ့ဘ၀ ပိုကောင်းလာအောင် ကူညီခြင်းပါပဲ။

Source : Huffpost

Share

Loading Next Article...
က္က