AD
AD
AD

တောင်ကိုရီးယားနိုင်ငံမှာ #MeToo လှုပ်ရှားမှုနဲ့ ပတ်သက်တာတွေ တွေ့လာရပြီးနောက် လိင်နှောင့်ယှက်မှုအပေါ် ဥပဒေပိုမိုတင်းကျပ်တော့မယ်လို့ ကတိပြုလိုက်ပါတယ်။

play

 

ဒီအပတ်အစောပိုင်းကပြသခဲ့တဲ့ တီဗီအင်တာဗျူးအစီအစဉ်မှာပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ကြယ်ပွင့်တစ်ပွင့်အပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပေါ် သက်သေအထောက်အထားမရှိခဲ့တာကလည်း တောင်ကိုရီးယားမှာပြုလုပ်မယ့် #MeToo လုပ်ရှားမှုအတွက် မျှော်လင့်ချက် အသစ်တွေဖြစ်လာစေခဲ့ပါတယ်။

အနာဂတ်ရဲ့ သမ္မတလောင်းဖြစ်နိုင်ချေရှိတဲ့ An Hee Jung ဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ပို့စ်အပေါ်မှာ သူရေးသားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ယူမှုအနေနဲ့ သူ့ရဲ့ရာထူးဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှုကနေ နှုတ်ထွက်ခဲ့ပြီးနိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကနေ အနားယူကြောင်း ကြော်ငြာချက်ထုတ်ခဲ့ပါတယ်။

play

 

သူ့ကိစ္စဟာ တိုင်ပြည်ရဲ့ နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်း ၊ ဖျော်ဖြေရေးနဲ့ စာပေအသိုင်းအဝိုင်းကြားမှာ ဖြစ်ခဲ့တဲ့ အကျင့်ပျက်မှုမှာ နောက်ဆုံးအနေနဲ့ပါဝင်ပတ်သက်ခဲ့တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

"ကျွန်မတို့ အကုန်အရမ်းအံ့သြခဲ့ရပါတယ်။ အခုတော့ အဲဒီကောင်မလေးဟာ ဒီထက်ပိုပြီးနာကျဉ်ခံစားစရာ မလိုတော့ပါဘူး" ဆိုပြီး နိုင်ငံတကာအမျိုးသမီးများနေ့မှာ မိသားစုနဲ့ ကျား၊မ တန်းတူအခွင့်အရေးရရှိရေးဝန်ကြီးဖြစ်သူ Chung Hyun-back က ပြောကြားခဲ့ပါတယ်။

#MeToo လုပ်ရှားမှုဟာ လိင်ကိစ္စကျူးလွန်မှုနဲ့ နှောင့်ယှက်မှုတွေအတွက်ပြုလုပ်တာဖြစ်ပေမဲ့ အမျိုးသားကြီးစိုးမှုများစွာရှိနေတဲ့ တောင်ကိုရီးယားနိုင်မှာ ပြသနာတွေကို မီးမွေးလိုက်သလိုဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ "MeToo လုပ်ရှားမှုက ကျွန်မတို့ နိုင်ငံထဲမှာအမြစ်တွယ်နေတဲ့ အာဏာရှိမရှိပေါ်မူတည်ပြီး ကျား၊မ ခွဲခြားမှုတွေ ၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးမကျေနပ်ကျတဲ့ လူတွေရဲ့ ဒေါသကို ဖောက်ခွဲပြစ်လိုက်တဲ့ လုပ်ရှားမှုဖြစ်ကြောင်း' ပြောကြားခဲ့ပါတယ်။

play

 

ဝေဖန်နေတဲ့ ပြည်သူလူထူတွေနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို နှစ်သိမ့်ဖို့ အစိုးရက အာဏာပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရမှုတွေကို လျှော့ချမယ်ဖြစ်ကြောင်း ကြော်ငြာချက်ထုတ်ပြန်ခြ့ပါတယ်။ နောက်ပြီးအလုပ်သမား ဝန်ကြီးဌာနကလည်း လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို တိုင်ကြားနိုင်ဖို့ လျှို့ဝှက် တိုင်ကြားခန်းတွေ ဖွင့်ပေးမယ်လို့လည်း ကြောညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး အစိုးရဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ပိုပြီးပြင်းထန်တဲ့ အပြစ်ပေးဖို့စဉ်းစားနေကြောင်း ကျားမတန်းတူ ညီမျှရှိရေးဌာနက ဝန်ကြီးက သူ့ကြေညာချက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD