In partnership with  logo
ယောက်ျားတွေထံက ထောက်ပံအားပေးမှုတွေလည်း လက်ခံရပါမယ်။

ရာစုနှစ် ၂ ခု ကျော်လွန်လာပြီးတဲ့တိုင်အောင် ကျား၊မ သာတူညီမျှရေးအတွက် လုပ်ဆောင်နေကြရတုန်းပါပဲလို့ World Economic Forum က နောက်ဆုံးထုတ်ပြန်ထားတဲ့ Global Gender Gap Report မှာ ရေးသားထားပါတယ်။ ကျား၊မ တန်းတူညီမျှရေးအတွက် အဖွဲ့အစည်းပေါင်းများစွာကလည်း အားထုတ်နေကြပါတယ်။ လုပ်ငန်းခွင်မှာရော လုပ်ငန်းခွင်ပြင်ပမှာပါ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်များပါတယ်။ အဲ့ဒီအတွက် ခေါင်းဆောင်တွေအနေနဲ့ အမျိုးသမီးတွေကဏ္ဍတိုးတက်လာဖို့ရာ ဒါတွေ ပြီးမြောက်နေဖို့လိုပါတယ်။

၁။ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်မှု

board.jpg 

အမျိုးသမီးတွေဟာ သူတို့ရဲ့အလုပ်ရှင်၊ အထက်အရာရှိအပေါ် မယုံကြည်ကြဘူး။ အသက်မွေးဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းတွေ တိုးတက်လာဖို့အတွက်ဆိုရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိရပါမယ်။

၂။ အချင်းချင်းဆက်သွယ်ချိတ်ဆက်မှု

25.jpg 

ဆက်သွယ်ချိတ်ဆက်မှုတွေသာ မရှိဘူးဆိုရင် အမျိုးသမီးတွေအနေနဲ့ အောင်မြင်လာစရာအကြောင်းမရှိပါဘူး။ ပြီးတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ role model အတွက်နဲ့ စိတ်နှစ်မြှုပ်အတုယူသင့်တယ်။ ယောက်ျားတွေထံက ထောက်ပံအားပေးမှုတွေလည်း လက်ခံရပါမယ်။

၃။ မိခင်ဘဝကို ကိုင်တွယ်ဖို့နဲ့ စိန်ခေါ်မှုကို ပျော့ပျောင်းစွာကိုင်တွယ်ဖို့

020170623130108.jpg

အလုပ်ထဲမှာ ပျော်ရွှင်နေတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ပုဂ္ဂိုလ်ရေး၊ မိသားစုဘဝ ဟန်ချက်ညီနေဖို့ အရေးကြီးကြောင်းကိုလည်း သိကြပါတယ်။ ဒါပေမဲ့ မိသားစုအသစ်တစ်ခု စတင်လိုက်တဲ့ အမျိုးသမီးတွေမှာတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအပေါ် မိခင်ဘဝဖြစ်တည်မှုက သက်ရောက်မှုရှိလာမှာကို ပူပန်ကြပါတယ်။ မီးဖွားပြီး အလုပ်ပြန်လုပ်မယ်ဆိုရင်တော့ ဝန်ထမ်းဘက်ကလည်း အလုပ်ကို ပိုကြိုးစားဖို့လိုအပ်သလို အလုပ်ရှင်အနေနဲ့လည်း သူ့အတွက် အဆင်ပြေသင့်လျှော်အောင် ညှိနှိုင်းဖြေလျှော့တာလေးတွေ လုပ်ပေးသင့်ပါတယ်။

Share

Loading Next Article...
က္က