In partnership with  logo
အရင်က အဝတ်အစားထုတ်မလို့ ကြံထားရာကနေ အခု အလှကုန်တွေထုတ်တော့မယ်တဲ့

ကမ္ဘာ့ထိပ်တန်းအဆင့် တင်းနစ်မယ် ဆရီနာဝီလျှံဟာ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ TMZ သတင်းမှာ ဖော်ပြချက်အရ ဆရီနာဟာ Aneres ဆိုတဲ့အမည်ကို မှတ်ပုံတင်လိုက်တယ်လို့ သိရပါတယ်။ Aneres ဆိုတာဟာ သူမရဲ့နာမည်ဖြစ်တဲ့ Serena ကို ပြောင်းပြန်ပေါင်းထားတာပါ။

 

ဒီနာမည်ကို ၂၀၀၃ ခုနှစ်တုန်းက အဝတ်အစားကုမ္ပဏီအဖြစ်နဲ့ မှတ်ပုံတင်ထားခဲ့တာဖြစ်ပေမဲ့ ခုတော့ အလှကုန်ပစ္စည်းတွေအတွက် ပြောင်းလဲမှတ်ပုံတင်လိုက်တာဖြစ်ပါတယ်။ နှုတ်ခမ်းနီ၊ အောက်ခံမိတ်ကပ်၊ ရေမွှေး၊ lotion ၊ ခေါင်းလျှော်ရည်၊ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်လိုမျိုး အလှကုန်ပစ္စည်းပေါင်း ၁၈ မျိုး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဆရီနာဟာ ကိုယ်ဝန်လွယ်ထားရပြီးနောက် တင်းနစ်ရိုက်တာကို နားထားခဲ့ရပြီး သမီးလေး Alexis Olympia Ohanian ကို စက်တင်ဘာလမှာ မွေးဖွားခဲ့တယ်။ တင်းနစ်ကစားခြင်းကို ၁၄ လကြာ နားခဲ့ရပြီးနောက် နိုင်ပွဲပြန်ယူခဲ့ပြီး နောက်နေ့မှာ အလှကုန်ပစ္စည်းတွေထုတ်လုပ်မယ့်အကြောင်း ကြေညာခဲ့တယ်။

 

S ပုံသဏ္ဍန် ရွှေရင်ထိုးလေးကိုလည်း အင်စတာဂရမ်မှာ တင်ကာ ပရိသတ်တွေကို ပြသခဲ့ပါတယ်။

Source : Paper

Share

Loading Next Article...
က္က