In partnership with  logo
Feminism ဆိုတာ ယောက်ျားတွေကို မုန်းတီးနေတဲ့ဝါဒ မဟုတ်ဘူး။

" ကျွန်မက အမျိုးသမီးဝါဒီ (feminist) တစ်ယောက်ပါ" လို့ ပြောလိုက်တိုင်း ယောက်ျားတွေက ကျွန်မကို ကြည့်နေတဲ့အကြည့်က တစ်မျိုးဖြစ်သွားတယ်။ တချို့သော မိန်းကလေးတွေဟာလည်း ထိုနည်းလည်းကောင်းပဲ။ အမျိုးသမီးဝါဒီဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး တကမ္ဘာလုံးမှာပါ ပျံ့နှံ့နေတဲ့ ခွန်အားကြီး စကားလုံးတစ်ခုပါ။

 

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူညီမျှတဲ့ အခွင့်အရေးတွေ မရကြပါဘူး။ ဖိနှိပ်ခွဲခြားမှုတွေကို ကြုံတွေ့နေရဆဲပါပဲ။ ဒါဟာ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာလည်း ဖြစ်ပါတယ်။

 

အမျိုးသမီးဝါဒီ ဆိုတာက အမျိုးသားတွေနဲ့တန်းတူ ရသင့်တဲ့ လူ့အခွင့်အရေးတွေ ရဖို့ကိုသာ ရည်ရွယ်ပါတယ်။ ကျား၊မ တန်းတူညီမျှရေးကိုသာ ဦးတည်လှုပ်ရှားကြတာပါ။ အမျိုးသားတွေကို မုန်းတီးနေဖို့၊ တိုက်ခိုက်နေဖို့လည်း မဟုတ်ပါဘူး။

 

အခုဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေလည်း ပိုမိုကောင်းမွန်တိုးတက်လာနေကြပါပြီ။ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေပိုမိုဖွံ့ဖြိုးလာအောင်လည်း အမျိုးသမီးအချင်းချင်းသာမက အမျိုးသားတွေကပါ ကူညီပါဝင်နေကြပါတယ်။ ဒါတွေကလည်း အမျိုးသမီးဝါဒီတွေရဲ့လှုပ်ရှားမှုတွေကြောင့်သာ ဖြစ်လာတာပါ။ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ပြီး ဖြစ်လာတာမဟုတ်တဲ့အတွက် မဒီတို့တွေဟာ feminist ဆိုတဲ့ စကားလုံးကို ရဲရဲဝံ့ဝံ့ ပြောသင့်ပါတယ်နော်။

Share

Loading Next Article...
က္က