In partnership with  logo
ဒါဖတ်ပြီးရင် အိုက်စ်လန်မှာပဲ နေချင်တော့မှာ။

အိုက်စ်လန်နိုင်ငံမှာ အမျိုးသမီးဝန်ထမ်းတွေဟာ အမျိုးသားတွေနဲ့ တန်းတူညီမျှတဲ့ လုပ်ခလစာကို ရရှိကြပါတယ်။ အဲ့ဒီလိုမျိုး မပေးဘူးဆိုရင် အစိုးရက ဥပဒေအရ လုပ်ငန်းရှင်ကို အရေးယူမှာပါ။ ဒီလိုအချက်တွေအပြင် အိုက်စ်လန်နိုင်ငံရဲ့ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ အခွင့်အရေးတွေဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အမြင့်ဆုံးအနေအထားမှာ ရှိနေပါတယ်။

 

၁၉၇၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ အိုက်စ်လန်က အမျိုးသမီးတွေအားလုံးဟာ လမ်းပေါ်ထွက်ပြီး ချီတက်ခဲ့ကြတယ်။ အလုပ်လုပ်တာတွေ၊ အိမ်ထဲမှာနေတာတွေ၊ ချက်ပြုတ် သန့်ရှင်းရေး အလုပ်တွေကို ရပ်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်။ ဈေးဆိုင်တွေအားလုံးမှာ စားရလွယ်တဲ့ အစားအစာကလွဲရင် ဘာမှမရောင်းခဲ့ရဘူး။

 

လွန်ခဲ့တဲ့ကိုးနှစ်အတွင်း အိုက်စ်လန်နိုင်ငံဟာ World Economic Forum ရဲ့ ကျား၊မ တန်းတူညီမျှမှု ညွှန်းကိန်းတိုင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တယ်။ အမျိုးသားတွေဟာလည်း မီးဖွားခွင့်ကို အနည်းဆုံး ၃ လ ရကြတယ်။ ဒါဟာ တန်းတူညီမျှမှုတစ်ရပ်ပါ။

 

အိုက်စ်လန်က အမျိုးသမီးတွေဟာ ပညာအရည်အချင်း မြင့်မားကြပါတယ်။ ၂၀၁၇ နှစ်ကုန်မှာ အိုက်စ်လန်ရဲ့ ဒုတိယမြောက် ဝန်ကြီးချုပ်ကို ခန့်အပ်ခဲ့တယ်။ အသက် ၄၁ နှစ် ရှိပြီး ကလေး ၃ ဦး မိခင်က ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ ၁၉၇၅ ခုနှစ်က အမျိုးသမီးတွေရဲ့ စည်းလုံးမှုကြောင့် ချီတက်ခဲ့တဲ့နေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါသေးတယ်။

Source : Guardian

Share

Loading Next Article...
က္က