In partnership with  logo
ကိုယ်ရောက်ချင်တဲ့နေရာကို လွယ်လွယ်နဲ့ မရောက်နိုင်ရတဲ့ အဓိကအကြောင်းတွေထဲမှာ ကြောက်စိတ်လည်းပါတယ်။

မဒီတို့ မိန်းကလေးတွေရဲ့ ဘဝမှာ ရည်မှန်းချက် ပန်းတိုင်တွေကိုယ်စီ ရှိကြမှာပါ။ တချို့ကနည်းတယ်၊ တချို့က များတယ်။ လူတိုင်းတော့ ပန်းတိုင်ကိုယ်စီ ရှိကြတာချည်းပါပဲနော်။ ဘဝပန်းတိုင်တွေ လျှောက်တဲ့အခါ တချို့တွေက ကြောက်စိတ်တွေ ရှိကြတယ်။ ကြောက်စိတ်ကြောင့်ပဲ ရှေ့ကို ရောက်သင့်သလောက် မရောက်ဘူး။

 

" လူတိုင်းမှာတော့ အကြောက်တရားရှိတာပါပဲ။ ကိုယ်က ကြောက်တတ်ပေမဲ့ ဆက်လုပ်ပါ။ ထပ်ခါထပ်ခါ လုပ်လေလေ မကြောက်တော့ဘဲ ရင်းနှီးသွားမယ်။ ကြောက်တာက ရှက်စရာမဟုတ်ဘူး။ သိမ်ငယ်စရာလည်းမဟုတ်ဘူး။ ကြောက်တာကို မရပ်ဘဲနဲ့ ထပ်ထပ်ပြီးလုပ်ဖို့ကသာ အရေးကြီးတယ်လို့ ထင်ပါတယ်" လို့ Public Speaker မသဲစုမွန်က အကြံပေးပါတယ်။

 

မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ Managing Emotions & Working Effectively In A Project Team ခေါင်းစဉ်နဲ့ ပြုလုပ်သွားတဲ့ seminar မှာ သူက လုပ်ငန်းခွင်ထဲမှာ အသင်းအဖွဲ့လိုက်အောင်မြင်အောင်လုပ်ဆောင်ဖို့ အသိပညာတွေလည်း မျှဝေသွားခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ် မှာ ပြုလုပ်ခဲ့တဲ့ TEDxYangon မှာလည်း How to raise a healthy child ခေါင်းစဉ်နဲ့ ပြောခဲ့ဖူးသူဖြစ်ပါတယ်။ မိခင်တစ်ဦးလည်း ဖြစ်ပြီး အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပိုကြံ့ခိုင်ထူးချွန်လာအောင် ဟောပြောနေသူလည်းဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က