In partnership with  logo
မတူညီတဲ့ နေရာအသီးသီးကနေ ပြောင်းရွှေ့အခြေချလာတဲ့ ကလေးတွေကို ပညာသင်ဖို့ ဘာသာစကားတွေ သင်ယူခဲ့တယ်။

လန်ဒန်မြောက်ပိုင်းက အမျိုးသမီးတစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံးဆရာမအဖြစ် သတ်မှတ်ခံရပြီး အမေရိကန်ဒေါ်လာ တစ်သန်းကို ဆုအဖြစ်နဲ့ ပေးအပ်ချီးမြှင့်ခံလိုက်ရပါတယ်။

 

အသက် ၃၉ နှစ်အရွယ် Andria Zafirakou ဟာ လန်ဒန်က Alperton Community School မှာ arts and textiles ကို သင်ကြားပေးနေတဲ့ ဆရာမတစ်ဦးပါ။ သူသင်ကြားပေးနေတဲ့ကျောင်းဟာ ရွှေ့ပြောင်းအခြေချတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ကျောင်းလည်းဖြစ်ပါတယ်။ သူ့ရဲ့တပည့်တွေကို နှုတ်ဆက်ဖို့အတွက် ဘာသာစကား ၃၅ မျိုးကို သင်ယူခဲ့ပြီး မတူညီတဲ့ ဘာသာစကားတွေနဲ့ ကလေးတွေကို သင်ကြားပေးနေသူဖြစ်ပါတယ်။

 

ယူကေရဲ့ အမွဲတေဆုံးဒေသမှာ ဖွင့်ထားတဲ့ ကျောင်းမှာ Andria က ပညာသင်ကြားပေးနေတာပါ။ ကမ္ဘာ့ဆရာဆုချီးမြှင့်ပေးအပ်တဲ့အဖွဲ့ Varkey Foundation Global Teacher Prize က ဒီဆုကို ပေးအပ်ဖို့ ကမ္ဘာတစ်ဝန်းက ဆရာပေါင်း ထောင်နဲ့ချီ ဆန်ခါတင်ရွေးချယ်ခဲ့ပြီး Andria ကတော့ ဆုကိုရခဲ့တာပါ။ ပညာသင်ကြားပေးနေတဲ့ဆရာတွေထဲက သိသာထင်ရှားစွာ လုပ်ဆောင်နေတဲ့ ဆရာကို ရွေးချယ်ပြီး နှစ်စဉ် ဆုချီးမြှင့်တာဖြစ်ပါတယ်။

 

ဆုပေးပွဲကိုတော့ ဒူဘိုင်းမှာ ပြုလုပ်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ကိုယ်တိုင် တက်ရောက်ခဲ့တယ်။ နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ ရှားလိဇ်သရွန်နဲ့ ပရီယန်ကာ ချော်ပရာတို့ကလည်း တက်ရောက်ခဲ့ပြီး အဆိုတော် ဂျနီဖာ ဟတ်ဆန်ရဲ့ ဖျော်ဖြေမှုတွေနဲ့ ခမ်းခမ်းနားနား ပြုလုပ်သွားခဲ့ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က